ဆူးလေစေတီတော် သမိုင်း
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်နှင့် သီရိဓမ္မာသောကမင်းကြီးတို့ တိုင်ပင်၍ မြန်မာပြည်အပါအဝင် ကိုးတိုင်းကိုးဌာနသို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် သီရိဓမ္မာသောကမင်းကြီး၏ သားတော် အရှင်မဟိန္ဒအမှူးရှိသော ရဟန္တာများအား စေလွှတ်တော် မူရာတွင် အရှင်သောဏ၊ အရှင်သုဇိတ အပါအဝင် ရဟန္တာရှစ်ပါး ပင့်ဆောင်တော် မူလာကြသည့် “ဆံတော်၊ ဓာတ်တော်မြတ်” များကို သန်လျင်ဒေသ ဘောဂသေနမင်းကြီးအား ပေးအပ်တော်မူလေသည်။ ဘောဂသေနမင်းကြီးက အမတ်ကြီးများအား ဆံတော်နှင့် ဓာတ်တော်များကို ခွဲဝေပေးပြီး အနာဂါတ် သာသနာထွန်းလင်းစေရန် စေတီတော်များ တည်ထားကိုးကွယ်စေသည်။ မူလဘွဲ့အမည်မှာ “ကျိုက်အသုတ်” ဟု ခေါ်တွင်ရာမှ ဆူးလေစေတီတော်မြတ်အမည်သို့ ပြောင်းလဲလာလေသည်။
မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု






