မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး

မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးမှာ ယခင်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်၍ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါနှစ်ပေါင်း(၁၅၆)နှစ်ခန့်ရှိပြီဖြစ်ပါသည်။ယင်း ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအား လွန်ခဲ့သော၂၀၀၄ခုနှစ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုတို့အား အမှူးထား၍ သာသနာပြုဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းမှုဖြင့် ပြုပြင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး နှင့် ဂန္ဓကုဋိတန်ဆောင်းကြီးအား ဗိုလ်သူရလမ်းမှပင် လှမ်းမြှော်ပူဇော်ရှိခိုးနိုင်ပြီဖြစ်ပါသည်။

သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များ