ယုံကြည်ပူဇော်မှုဆိုင်ရာ

ယုံကြည်ပူဇော်မှုဆိုင်ရာများ


ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်စံကျောင်းတော်
ယခင်က ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ရုပ်ပွားတော်ကို မယ်တော်ဆောင်ပြာဿဒ်ဖြင့် ယှဥ်တွဲ ပူဇော်ထားခဲ့ပါသည်။ ရဟန္တာအရှင်သူမြတ်၏ရုပ်ပွားတော်ကို မယ်တော်ဆောင်နှင့်မထားရှိဘဲ သီးခြား အဆောင်ဖြင့် ထားရှိပူဇော်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများထံတင်ပြခဲ့ရာ စေတီတော်၏ အရှေ့တောင်ဘက် ရေလယ်တွင် သီးသန့်စံကျောင်းတော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရေလမ်းထိန်းသိမ်းရေးဦးစီးဌာနတို့၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် တံတားဆောက်လုပ်ရေး အင်ဂျင်နီယာမှုးကြီးဦးမြင့်လွင်နှင့်အဖွဲ့က အနီးကပ်ကြီးကြပ်ဆောက်လုပ်၍ (၁၃၆၀)ပြည့်နှစ်၊ ပြာသိုလဆန်း(၁)ရက် (၃၁-၁-၁၉၉၉)သောကြာနေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အများကောင်းမှု လှူဒါန်း ငွေကျပ် (၁၁၈၄၂၀၈၆/.) တစ်ရာတစ်ဆယ့်ရှစ်သိန်းလေးသောင်းနှစ်ထောင့်ရှစ်ဆယ့်ခြောက်ကျပ်တိတိ ဖြင့် တည်ဆောက်ခဲ့ပါသည်။ စံကျောင်းတော်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ထုတော်နှင့် နဂါးဖောင်စံကျောင်းပြာဿဒ်ကို ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေ သားသမီးမြေးတစ်စုတို့က လှူဒါန်းပူဇော်ပါ သည်။ ပြည်ပဘုရားဖူးထိုင်းနှင့်ဗုဒ္ဓဘာသာဝင်ပြည်ပဘုရားဖူးများ ယုံကြည်သက်ဝင်ဆုတောင်းအဓိဌာန် ပြု ဆက်ကပ်ပူဇော်ကြပါသည်။

ရဟန္တာရုပ်တု

ဘောဂသေနမင်း

ဗြဟ္မာမင်း

သိကြားမင်း
စေတီတော်မြတ်၏ အနောက်ဘက်လှိုဏ်မုခ်ပေါက်ဝဲယာတွင် ပါဒဒေသသို့ မြတ်ဗုဒ္ဓဆံတော်များ ကို ပထမဦးစွာ ပင့်ဆောင်လာခဲ့သည့် သာသနာပြုမင်းဘောဂသေနနှင့် မဇ္စျိမဒေသမှ ဓါတ်တော်များကို ပင့်ဆောင်လာခဲ့ရသည့် ရဟန္တာအရှင်သူမြတ်တို့အား ရည်မှန်း၍ အထိမ်းအမှတ်ရုပ်တုများကိုလည်း ကောင်း၊ အရှေ့ဘက်လှိုဏ်မုဒ်ပေါက်ဝဲယာတွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့၏ရုပ်ထုများကို လည်းကောင်း ပြုလုပ်ပူဇော်ခဲ့ပါသည်။ (၁၃၅၈) ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၉)ရက် (၃-၃-၁၉၉၇)တွင် ထုလုပ်ပြီးစီးပါသည်။ ရုပ်ထုတစ်ခု ချင်းစီအတွက် ပျမ်းမျှတန်ဖိုးငွေကျပ်(၂၅၂၅၀၉/.)နှစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာ့ကိုးကျပ်တိတိ ဖြစ် ပါသည်။ ဘုရားဒါယကာကြီးအမိန့်တော်ရ ရှေ့နေဦးဘထွန်း+ဒေါ်ဒေါ်သက်နှင့် မိဘများအားရည်စူး၍ မြေးဖြစ်သူ ဦးကျော်သန်း+ဒေါ်ရင်မြိုင် (ယမင်းရွှေစင်စတိုး၊ ဗိုလ်ချုပ်စျေးသစ်)မိသားစုတို့က သာသနာပြု ဘောဂသေနမင်းကြီးရုပ်တု၊ သိကြားမင်းနှင့်ဗြဟ္မာမင်းရုပ်တုတို့ကိုလည်းကောင်း၊ ရန်ကုန်မြို့နေ ဦးကောက်+ဒေါ်ခင်မေ၊ သား ကိုဝင်းနိုင်+မညိုညိုဝင်း၊ သမီးမခင်ငြိမ်းကြည်၊ သားမောင်ဌေးနိုင်ကျော်၊ (သီဟရာဇာ၊ ဗိုလ်ချုပ်စျေးသစ်) မိသားစုတို့က အနောက်လိုဏ်မုခ်ရှိ ရဟန္တာအရှင်သူမြတ်ရုပ်တုကို လည်းကောင်း ကမ္ဗည်းထိုး၍ အသီးသီးလှူဒါန်းပူဇော်ခဲ့ပါသည်။

ရှင်သီဝလိမထေရ်ရုပ်ပွားတော်

ရှင်ဗာကုလမထေရ်ရုပ်ပွားတော်
လာဘမုနိအာရုံခံတန်ဆောင်းအတွင်းတွင် ဆုတောင်းပြည့်လာဘမုနိဘုရားနှင့် ကျောက်တန်းမြို့ဆရာမကြီး ဒေါ်တင်တင်နွယ်လှူဒါန်းသည့် ရှင်သီဝလိမထေရ်ရုပ်ပွားတော်၊ ရှင်ဗာကုလရုပ်ပွားတော်တို့ကို ပူဇော်ထားရှိ ပါသည်။ နှစ်ဖက်မိဘများကို အမှူးထား၍ ဗိုလ်မှူးကြီးစိုးရှိန်+ဒေါ်အေးအေးစန်း၊ သားမောင်ရန်ပိုင်ဟိန်းမိသားစုတို့က ရုပ်ပွားတော်များကိန်းဝပ်ရန် အလူမီနီယံဘောင်ဖြင့် ဂန္ဓကုဋိတိုက် ပြုလုပ်လှူဒါန်းထားပါသည်။

စေတီတော်အနောက်ဘက်ရှိဘိုးတော်သိကြားမင်းရုပ်တု

စေတီတော်အနောက်ဘက်လိုဏ်ပေါက်နှင့်တံခွန်တိုင်
စေတီတော်အနောက်ဘက်လိုဏ်ပေါက် နှင့် တိရိစ္ဆာန်ခြူးရုပ်များအား မြန်မာမှုအင်္ဂတေပန်းများဖြင့် အစားထိုးပြုပြင်ခြင်းကို အများကောင်းမှုလှူဒါန်းငွေကျပ် (၃၈၁၆၈၀ိ/.)သုံးသိန်းရှစ်သောင်းတစ်ထောင့်ခြောက်ရာ့ရှစ်ဆယ်တိတိဖြင့် ဆောင်ရွက်ခဲ့ရာ(၁၃၅၈) ခုနှစ်၊ ပြာသိုလဆန်း(၁၁) ရက် (၁၉-၁-၁၉၉၇)နေ့တွင် ပြီးစီးပါသည်။ လိုဏ်ပေါက်အနီးရှိတံခွန်တိုင်နှင့် ဘိုးတော်သိကြားမင်းရုပ်ထုတို့ကိုလည်း (၁၉၉၈)ခုနှစ်တွင် ပြု ပြင်တည်ဆောက်ခဲ့ရာ အလှူရှင်မှာ ကျောက်တန်းမြို့အရှေ့ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်း၊ အမှတ်(၂၃) နေဦးတင်ငွေ+ဒေါ်ခင်ငြိမ်းမိသားစုတို့က ကုန်ကျငွေကျပ် (၁၇၉၀၅၀ိ/.) တစ်သိန်းခုနှစ်သောင်းကိုးထောင် နှင့်ငါးဆယ်တိတိဖြစ်ပါသည်။

ဆုတောင်းပြည့်ခေါင်းလောင်းတော်များ
(၁၃၁၈)ခုနှစ်ကလှူဒါန်းသည့် ကြေးပိဿာချိန်(၁၀၁)ပိဿာနှင့် (၁၃၆၁)ခုနှစ်က လှူဒါန်းထားသည့် ကြေးပိဿာချိန်(၁၂၅)ပိဿာရှိ ဆုတောင်းပြည့်ခေါင်းလောင်းတော်များ ဖြစ်ပါသည်။

သူရဿတီမယ်တော်
ရေလယ်ဘိုးဘိုးကြီး၊ ရေငန်ပိုင်ဦးရှင်ကြီး၊ နာဂမယ်တော်၊ သူရဿတီမယ်တော်တို့၏ သီးခြားအဆောင်သစ်ကို (၁၃၅၈)ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၁)ရက်၊ (၂၆-၆-၁၉၉၆) ဗုဒ္ဓဟူးနေ့တွင် ဆောက်လုပ်ပြီးစီးပါသည်။ ကုန်ကျငွေကျပ် (၁၉၀၁၅၉၀ိ/.)တစ်ဆယ့်ကိုးသိန်းတစ်ထောင့်ငါးရာ့ကိုးဆယ်ကျပ်တိတိဖြစ်ပါသည်။အဆောင်သစ်ဆောက်လုပ်ခြင်းအတွက် ကုန်ကျငွေကို ရန်ကုန်မြို့နေ မဟာဗန္ဓုလလမ်း၊ အမှတ်(၃၅၇)နေ ဦးအေးကို(ခ)ဦးအီဖာအားရည်စူး၍ ဇနီးဒေါ်အေးမြင့် (သား)ကိုအောင်စိန်+မအိရွှေ၊ ကိုမြင့်စိန်+မရှုတင်၊ ကိုမြင့်အောင်+မသီတာ၊ ကိုစိုးမြင့်+မသဇင်လှိုင်နှင့် မြေးများ (ဖြိုးကြီးကိတ်နှင့် မိုးကောင်းကိတ်) မိသားစုတို့က လှူဒါန်းပါသည်။ ဘိုးတော်မယ်တော်ရုပ်ထုများကို ရုပ်ထုသစ်များ ထပ်မံ ထုလုပ်လှူဒါန်းကြရာ ရေလယ်ဘိုးဘိုးကြီး နှင့် ရေငန်ပိုင်ဦးရှင်ကြီး(ပလာစတာ)ရုပ်ထုများကို ရန်ကုန်မြို့ ဗိုလ်ချူပ်စျေးသစ်၊ အမှတ်(၄၀၃)၊ ယမင်းရွှေစင်ဆိုင်မှ ဦးကျော်သန်း+ဒေါ်ရင်မြိုင်မိသားစုတို့က (၁၄-၃-၁၉၉၇) တွင်လှူဒါန်းပါသည်။ ယုံကြည်သူများက ဆုတောင်းပူဇော်ရာ အကြံအစည်အဓိဌာန်များ အောင်မြင်သည်ဟု ဆိုကြပါသည်။

ရေလယ်ဘိုးဘိုးကြီးနန်း
ကျိုက်မှော်ဝန်းရေလယ်စေတီတော်ကြီးတွင် ယခင်က ရေလယ်ဘိုးဘိုးကြီးနန်း မရှိခဲ့ပါ။ (၁၉၈၉)ခုနှစ် နဝတအစိုးရလက်ထက်တွင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးအား ဂေါပက အဖွဲ့မှ ရေကာတာများပြုလုပ်ခြင်း၊ အဆောက်အဦးအသစ်များတည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် နေ့ခင်းအချိန်လုပ်ဆောင်ပြီးစီးထားသော ဆောက်လုပ်ရေးလုပ်ငန်းများ သည် ညအခါတွင် ရေကာတာများ ပြန်လည်အက်ကွဲ၍ ပြိုကျခြင်း၊ ဆယ်ယူတင်ထားသောကုန်းတော်များ ပြန်လည်အက်ကွဲပြိုကျခြင်း၊ ဆယ်ယူတင်ထားသောကုန်းတော်များ ပြန်လည်လျောကျနေခြင်းတို့ကို မကြာခဏကြုံတွေ့ခဲ့ရပါသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် သြဝါဒါဆရာတော်ဆရာကြီးများအား မေးမြန်းလျှောက်ထားရာ ရေလယ်ဘိုးဘိုးကြီးကို ပုံတော်ထုလုပ်ပူဇော်ရန် အကြံပြုကြသဖြင့် အမြင့်(၁၀) လက်မခန့်ရှိ ရုပ်ထုတော်အသေးလေးကို ဦးစွာထုလုပ်ပူဇော်ပါသည်။ ထို့ပြင်ညအခါ ရေငန်ပိုင်ဦးရှင်ကြီး၊ ရေလယ်ဘိုးဘိုးကြီး၊ နာဂမယ်တော်၊ သူရဿတီမယ်တော်တို့ ဘုရားတက်ဖူးရန်အတွက် ဘိုးတော်ဆောင် ဘေးရှိ စိန်တောင်အကာအရံအဆုံးတွင် တံခါးပေါက်ပြုလုပ်ပေးရမည်ဟု အိမ်မက်များပေးသဖြင့် ပြုလုပ် ပေးခဲ့ပါသည်။ ရုပ်ထုများ၊ တံခါးပေါက်များပြုလုပ်ပေးပြီးနောက် ကုန်းတော်တည်ခြင်း လုပ်ငန်းများ အဆင်ပြေအောင်မြင်ခဲ့သည့်အတွက် ရေလယ်ဘိုးဘိုးကြီးရုပ်ထုအကြီးကို ထပ်မံထုလုပ် ပူဇော်ခဲ့ပါသည်။ယခုအခါ ရေလယ်ဘိုးဘိုးကြီးထံတွင် ဆုတောင်းတိုင်တည်သူများသည် လိုရာဆန္ဒပြည့်ဝကြသည် ဟု ဆိုကြသဖြင့် ရေလယ်ဘိုးဘိုးကြီးနန်းရှေ့တွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးများ ယုံကြည်စွာဆုတောင်း နေသူများဖြင့် စည်ကားနေတတ်ပါသည်။

ဒေဝယက္ခ (နောင်တော်)

ဒေဝယက္ခ (ညီတော်)
စေတီတော်မြောက်ဘက်ရှိ ဒေဝယက္ခညီနောင်ရုပ်တုများရှိသည့် မုခ်ဦးကို အများကောင်းမှု လှူဒါန်းငွေကျပ်(၃၃၉၈၂၇၅ိ/.) သုံးဆယ့်သုံးသိန်းကိုးသောင်းရှစ်ထောင့်နှစ်ရာခုနှစ်ဆယ့်ငါးကျပ်တိတိဖြင့် အသစ်ပြုပြင်တည်ဆောက်ခဲ့ရာ (၁၃၅၈)ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁၀)ရက်၊ (၈-၉-၁၉၉၆) တနင်္ဂနွေနေ့ တွင် ပြီးစီးပါသည်။ ၁၉၉၇ခုနှစ်တွင် ဒေဝယက္ခနောင်တော်၊ ညီတော်ရုပ်ထုများကို အများကောင်းမှုလှူဒါန်းငွေဖြင့် မွမ်းမံပြင်ဆင်ခြင်းကို ထပ်မံဆောင်ရွက်ခဲ့ရာ ကုန်ကျငွေကျပ်(၁၈၄၅၁၀)တစ်သိန်းရှစ်သောင်းလေး ထောင့်ငါးရာ့တစ်ဆယ် ဖြစ်ပါသည်။ ဒေဝယက္ခညီနောင်မှာ ကျန်းမာရေးချို့တဲ့သူများက မိမိခံစားနေရ သည့်ရောဂါဝေဒနာများအတွက် ယုံကြည်စွာအဓိဌာန်ပြုဆုတောင်းပါက သက်သာပျောက်ကင်းသည်ဟု အများယုံကြည်အဓိဌာန်ပြု ဆုတောင်းကြပါသည်။

နာဂမယ်တော်
နာဂမယ်တော်််ကို လွန်ခဲ့သောနှစ်ပေါင်း(၈၂)ခန့်က ပူဇော်ခဲ့ပြီး ရေလုပ်ငန်းလုပ်ကိုင်သူများ အထူးသဖြင့် ရေကြောင်း သွားလာသူများ ပူဇော်ဆုတောင်းအဓိဋ္ဌာန်ပြုလေ့ရှိကြပါသည်။

ရေငံပိုင်ဦးရှင်ကြီး
လွန်ခဲ့သောနှစ်ပေါင်း(၈၀)ခန့် ပူဇော်ခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ယုံကြည်ပူဇော် ဆုတောင်းအဓိဋ္ဌာန် ပြုကြပါသည်။ “ဝါ”ဝင် “ဝါ”ထွက်ပူဇော်ပသကြပါသည်။ အထူးသဖြင့် ရေလုပ်ငန်း လုပ်ကိုင်သူ၊ ပင်လယ်ရပ်ခြားရေကြောင်းသွားလာသူများ အန္တရာယ်ကင်းဘေးရှင်းစေရန် ပူဇော်ဆု တောင်းအဓိဋ္ဌာန် ပြုကြပါသည်။