အထွေထွေဖော်ပြလိုသည်များ

အထွေထွေဖော်ပြလိုသည်များ

စက်လှေသမ္ဗာန်

စက်လှေသမ္ဗာန်စီး၊ ကုသိုလ်ခရီး

မှော်ဝန်းမြစ်လယ်ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူးလာ ရောက်ကြသူများသည် စက်တပ်သမ္ဗာန်များဖြင့် အသွားအပြန်စီးနင်းသွားကြရသည်။ရှေးယခင် ဘုရားဒါယိကာကြီးဦးဘထွန်း စေတီတော်ပြီးစကာလက ဦးဆာမိဆိုသူက လက်ခတ် သမ္ဗာန်ဖြင့် နိဗ္ဗာန်ကူးတို့ပို့ဆောင်ခဲ့ပါသည်။ ယင်းနောက် ပန်းတောကျေးရွာနေထိုင်သူများက လက်ခတ် သမ္ဗာန်များဖြင့် ကူးတို့ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ မိဘလက်ငုတ်ကူးတို့လုပ်ငန်းလုပ်ကိုင်သူများ ကိုယ် တိုင်ပေါင်းစည်းထားသည့် စုပေါင်းကူးတို့သမဝါယမအသင်းက စက်တပ်သမ္ဗာန်များဖြင့် ပို့ဆောင်ပေး လျက် ရှိပါသည်။ မှော်ဝန်းချောင်းသည် ပင်လယ်ရေတက်ရေကျရှိသည့် ချောင်းကြီးဖြစ်သည့်အတွက် ရေစုန်၊ ရေဆန် သွားလာခြင်းမျိုးမဟုတ်ဘဲ ရေစီးကြောင်းကို ကန့်လန့်ဖြတ်အနေအထားဖြင့် ဖြတ်ကူး ပို့ဆောင်ရခြင်းဖြင့် ကျွမ်းကျင်မှုအရ အန္တရာယ်ကင်းစွာ မောင်းနှင်ပို့ဆောင်နိုင်ကြပါသည်။ ပြည်ပဘုရားဖူးလာရောက်ကြသူ နိုင်ငံခြားသားများအတွက် ယခင်စက်တပ်သမ္ဗာန်ငယ်များဖြင့် ပို့ ဆောင်ခဲ့စဥ်က ရေဆော့ကစား၍ အန္တရာယ်ဖြစ်နိုင်သောကြောင့် ထိုင်ခုံနှင့်အမိုးပါ စက်လှေကြီးများဖြင့် ပြောင်းလဲ၍ သီးသန့်ပို့ဆောင်ပေးလျက်ရှိလေသည်။

ရေပျော်ဘုရားဖူးငါးများ

ကူးလူးပျော်ပါးကျက်စားကြသည့်ရေပျော်ဘုရားဖူးငါးများ

ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဝန်းကျင်တွင် လွန်ခဲ့သောနှစ်ပေါင်း(၆၀)ခန့်မှစ၍ “ငါးတန်” ငါးများသည် ဘုရားဖူးလာကြသူများစားသုံးသည့် “ပေါက်ပေါက်ဆုပ်”ကို ငါးစာအဖြစ်ချကျွေးရာ ငါးများ က နှစ်သက်စွာလုယက်စားကြသည်ကို တွေ့ရှိရပါသဖြင့် နောင်တွင် ပေါက်ပေါက်ဆုပ်ရောင်းသူများ ကလည်း ငါးစာအဖြစ်ပါ တိုးချဲ့ရောင်းချလာကြရာ ငါးများသည် အန္တရာယ်ကင်းစွာ အစာစားကြရသော ကြောင့် ဟိုမှ သည်မှ ငါးများ ထပ်မံရောက်ရှိလာပြီး ယခုကဲ့သို့ တိုးပွားများပြားလာခြင်းဖြစ်သည်။ စေတီပတ်လည်ရှိငါးများ ဖမ်းဆီးစားသောက်ရောင်းချခြင်းမပြုနိုင်စေရန် ဘုရားပရိဝုဏ်နှင့် ကိုက်(၅၀၀)၊ အရှေ့ဘက်ကျောက်တံတားဇက်ကူးတို့ဆိပ်အနောက်ဘက် ချောင်းဖြတ်လျှပ်စစ်တာဝါတိုင် (သစ်တောဂိတ်) အတွင်းငါးဖမ်းခြင်းမပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းများ တားမြစ်ထားပါသည်။ စေတီတော်၏‌ဂေါပကအဖွဲ့မှ လုံခြုံရေးနှင့်သန့်ရှင်းရေးဝန်ထမ်းများကို ငါးများဖမ်းယူခြင်းမပြုရန် လှည့် လည် စောင့်ကြပ်စေခြင်း၊ လုံခြုံရေးတပ်ဖွဲ့များမှလည်း နေ့ညမပြတ် စောင့်ကြပ်ဆောင်ရွက်လျက်ရှိပါ သည်။ ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဖူးမြော်ရောက်ရှိလာသည့် ဘုရားဖူးဧည့်သည်များအနေ ဖြင့် အနီးကပ်ငါးစာကျွေးရာတွင် “ငါးတန်”ငါးများ ခေါင်းဖော်၍ အလုအယက်စားနေသည့်မြင်ကွင်းကို မြင်တွေ့ရသူတိုင်း ဝမ်းမြောက်ရွှင်မြူးပီတိထူးဖြင့် ကြည်နူးကြရသည်မှာ စေတီတော်မြတ်ကြီးထူးခြားမှု အမှတ်လက္ခဏာတစ်ခုပင် ဖြစ်ပါသည်။
ငါးစာကျွေးသူများရေထဲသို့ဆင်း၍ ငါးစာကျွေးခြင်းနှင့် ငါးများကိုထိတွေ့ကိုင်တွယ်ဖမ်းဆီးခြင်း သည် အသက်အန္တရာယ်နှင့်ကြုံတွေ့နိုင်သောကြောင့် ထိုသို့မပြုကြရန် ဂေါပကအဖွဲ့မှ ကန့်သတ်တားမြစ် ထားပါသည်။ဘုရားပတ်ဝန်းကျင်တွင် ကျက်စားနေသော“ငါးတန်” ငါးများသည် နှစ်စဥ်ကဆုန်လဆန်းမှ နယုန်လပြည့်ကျော်အတွင်း ရက်ပေါင်း(၄၅)ရက်ခန့် ဥချရန် ကျောက်ဆောင်ဂလိုဏ်များတွင် ခိုအောင်း နေတတ်ပါသည်။ ထိုကာလတွင် ဘုရားတွင်ငါးမရှိဘဲ ငါးစာရောင်းသည်ဟု အပြောမခံရစေရန် ဂေါပကအဖွဲ့မှ ငါးစာပေါက်ပေါက်ရောင်းချခြင်းကို ခေတ္တရပ်ဆိုင်းစေခဲ့ပါသည်။ ဝါဆိုလပြည့်မတိုင်မီ အဆိုပါ “ငါးတန်” များ ပြန်လည်ရောက်ရှိသည့်အခါ ယမန်နှစ်က သားပေါက်ဟုယူဆရသောတစ်ပေခန့် “ငါးတန်”ငယ်များကို တွေ့ရပါသည်။ ယခုအခါ ငါးစာအဖြစ်ပေါင်မုန့်ကြမ်းများကို ချကျွေးရာမှ “ပေါက်ပေါက်ဆုပ်” ထက် ငါးများပိုမို နှစ်သက်စွာစားသည်ကို တွေ့ရှိရ၍ (၂၀၁၉) ကိုဗစ်ကာလနှင့် ဘုရားဖူးနည်းပါးသည့်ကာလများတွင် ဂေါပကအဖွဲ့မှ အလှူရှင်များရှာဖွေငါးစာကျွေးခြင်း၊ မြို့သူမြို့သားများမှလည်း စေတနာအလျောက် လာရောက်ငါးစာပေါင်မုန့်ကြမ်းများကျွေး၍ ကုသိုလ်ပြုကြပြီး စေတီတော်မှ ငါးများပျောက်ပျက်မသွား စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။

ရေနွေးကြမ်း

အေးမြသန့်ရှင်းသောသောက်ရေသန့်နှင့်ရေသန့်

ရေနွေးကြမ်းဖြင့် ကုသိုလ်ပြု

လွန်ခဲ့သောနှစ်ပေါင်း(၆၀)ကျော်က ကျိုက်မှော်ဝန်းရေလယ်စေတီတော်ကို ဖူးမြော်ရန် လာ ရောက်ကြသူများမှာ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှတဆင့် ရန်ကုန်မြို့ပုဇွန်တောင် သီတာဆိပ်ကမ်းမှ သီတာသင်္ဘောစီး၍သန်လျင်မြို့၊ သန်လျင်မြို့မှတဖန် ကျောက်တန်းမြို့သို့ မော်တော်ကားစီး၍ ကျောက်တန်းမြို့ရေလယ်ဘုရားဆိပ် မှ လက်ခတ်သမ္ဗာန်စီးပြီး ရေလယ်ဘုရားကုန်းတော်ပေါ် ရောက်ရှိ ဘုရားဖူးကြရပါသဖြင့် ရေတစ်တန်၊ ကုန်းတစ်တန်ဖြင့် အဆင့်ဆင့်လာရောက်ကြရပါသည်။ ဤကဲ့သို့ ရေတစ်တန်၊ ကုန်းတစ်တန်အဆင့်ဆင့် ခရီးသွားကာ ထူးမြတ်လှသောစေတီတော်မြတ် ကို လာရောက်ဖူးမြော်ရာတွင် စေတီတော်ကုန်းတော်ပေါ်၌ နားနားနေနေအပန်းပြေစားသောက်နားနေ သူများ ရှိလာသည့်အတွက် ဂေါပကလူကြီးအဆက်ဆက်ကဘုရားဖူးလာသူများ အဆင်ပြေစွာနားနေ စားသောက်နိုင်ရန် ထမင်းဟင်းပန်းကန်၊ ဇွန်းများအပြင် ရေနွေးကျို၍ ရေနွေးကြမ်းအိုးနှင့်ပန်းကန်များပါ ထားရှိစီစဥ်ပေးခဲ့ကြပါသည်။ ဘုရားဖူးဧည့်သည်များစားသောက်နားနေ အပန်းဖြေခြင်းပြုနိုင်ရန် မြတ်ဗုဒ္ဓကိန်းဝပ်စံပါယ်ရာ ဘုရားတန်ဆောင်းများတွင် မသင့်လျော်သည့်အတွက် ဘုရားကုန်းတော်အနောက်တောင်ဘက် ရေသန့် စက်အနီးတွင် ဘုရားဖူးများနားနေနိုင်ရန်အတွက် ဇရပ်တစ်ဆောင်ဆောက်လုပ်ပေးထားပါသည်။ ဇရပ် ရှေ့တွင် အများသုံးရေချမ်းစင်ရှိပြီး အရှေ့ဘက်တွင်လည်း ပန်းကန်းဆေးရန်နေရာ၊ သုံးရေနှင့်ဆပ်ပြာပါ ထားရှိပေးထားသည့်အပြင် ထမင်းစားခုံဝိုင်းများစီစဥ်ပေးထားပါသဖြင့် ရေနွေးကြမ်းဖြင့် စိတ်ချမ်းမြေ့စရာ ယူငင် သုံးဆောင်နားနေနိုင်ကြပါသည်။ ရေနွေးကြမ်းနှင့်ပန်းကန်ဇွန်းစသည်များအတွက် ငွေကြေးသတ်မှတ်ကောက်ခံခြင်း မပြုဘဲ စေတနာအလျောက် အလှူခံပုံးအတွင်း ထည့်ဝင်လှူဒါန်းခြင်းကိုသာ လက်ခံပါသည်။ ယခုအခါ လျှပ်စစ် စတီး ရေနွေးအိုးဖြင့် ရေနွေးကျိုပေးထားပြီး လိုသလောက်ယူငင်အသုံးပြုနိုင်ရန် ရေနွေးခွက်များဖြင့် သန့် ရှင်းသပ်ရပ်စွာ စီစဥ်ဆောင်ရွက်ပေးထားပါသည်။

အေးမြသန့်ရှင်းသောသောက်ရေသန့်

စေတီတော်ရင်ပြင်တွင် သောက်သုံးရေသန့်ရရှိရေးအတွက် မြို့ဘက်ကမ်းမှ ရေကိုကောင်းကင် ရေပိုက်ဖြင့် မှော်ဝန်းချောင်း ကိုဖြတ်၍ သွယ်တန်းရယူခြင်းကို (၁၃၆၂)ခုနှစ်-(၂၀၁၀)တွင် ဆောင်ရွက်ခဲ့ပြီး၊ သောက်သုံးရေပြတ်လတ်မှု မရှိစေရန်အတွက် (၂၀၁၆)ခုနှစ်တွင် နှစ်လက်မရေပိုက်အား သံမဏိကြိုးဖြင့် (၁၀)လမ်းအရွယ်ကွန်ကရစ်ဘလောက်တုံးအတွင်းထည့်၍ ရေအောက်ကြမ်းပြင်မြှပ်နှံပြီး စေတီတော် ရင်ပြင်သို့ ပို့လွတ်ခြင်းလုပ်ငန်းကို Tokyo Pipe Co.Ltd ၏ လှူဒါန်းမှုဖြင့် ရေအောက်တွင် ပိုက်အရှည် (၉၀၀)ပေ မြှပ်နှံဆောင်ရွက်၍ သောက်ရေသန့်စက်ဖြင့် သန့်စင်သော သောက်ရေသန့်နှင့်သုံးရေသန့်များ ဖြင့် ဘုရားဖူးလာဧည့်ပရိသတ်များ အေးမြသန့်ရှင်းသော သောက်ရေသန့်နှင့် သုံးရေသန့်များကို အလုံ အလောက်ကုသိုလ်ပြုပေးလျက်ရှိပါသည်။

ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်မှု

ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကုသိုလ်တော်ယူဂေါပကအဖွဲ့သည် စေတီတော်ကြီးကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်ရေး အတွက် ပြုပြင်တည်ဆောက်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်

(က) စေတီတော်ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်ရေးနှင့် တန်ဆောင်းဇရပ်များတင့်တယ်လှပခိုင်မာရေး

( ခ ) ကုန်းတော်ကြီးတည်ငြိမ်ခိုင်ခန့်ရေး

( ဂ ) ဘုရားဖူးလာပြည်သူများစိတ်ချမ်းမြေ့စေရေး

(ဃ) ဘဏ္ဍာငွေသုံးစွဲသည့်အခါ စေတီတော်သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျသုံးစွဲရေး ရည်မှန်း ချက်(၄)ရပ်ချမှတ် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၁။ မြန်မာသက္ကရာဇ်(၁၃၅၉)ခုနှစ်မှ (၁၃၈၆)ခုနှစ်အထိ (၂၇)နှစ်ကာလအတွင်း၌ ရင်ပြင်တော်အရှည် တည်တံ့ရန် ကျောက်ချခြင်းလုပ်ငန်းနှင့် (၂၀၀၅)ခုနှစ်တွင် စိန်ဖူးတော်၊ ထီးတော်အသစ်တင်လှူ ပူဇော် ခဲ့ပါသည်။ ရှင်ဥပဂုတ္တကျောင်းတော်အသစ်ဆောက်လုပ်ခြင်း၊ ဘုရားကြီးလိုဏ်များတွင် မိုးရေယိုစိမ့်ခြင်း မရှိစေရန် နည်းပညာသစ်ဖြင့် ရေစိမ့်‌ပေါက်များပိတ်ဆို့ခြင်း၊ လိုဏ်အတွင်း၌ ဂရင်းနှိုက်ကျောက်ပြားများ ခင်းခြင်း၊ ဘုရားကြီး၏ တောင်ဘက်၊ မြောက်ဘက်လိုဏ်အတွင်းရှိတိုင်များအား မြန်မာမှုလက်ရာ မှန်စီခြင်း၊ ရွှေချခြင်း၊ အရှေ့ဘက်မုခ်ဦး အသစ်တည်ဆောက်ခြင်း၊ ငါးစာကျွေးလှေကားထစ်များ ပြင်ဆင်ခြင်း၊ ရင်ပြင်တော်အနိမ့်အမြင့်ညှိခြင်း၊ စကျင်ကျောက်ပြားအသစ်များခင်းခြင်း၊ ဘုရားရင်ပြင်၏ တောင်ဘက်တွင် ဧရိယာစတုရန်း(၁၁၀၀)ပေအကျယ်အဝန်းရှိ ဘုရားဖူးနားနေဆောင်တိုးချဲ့ခြင်း စသည့် လုပ်ငန်းများကို တည်ဆောက်ခဲ့ပါသည်။

၂။ ဘုရားဖူးများသောက်သုံးရေလုံလောက်စွာရရှိရေးအတွက် မြစ်ကျော်ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း၊ ဘုရားရှေ့မျက်နှာစာမုခ်ဦး၌ ဂရင်းနှိုက်ကျောက်ပြားများခင်းခြင်းလုပ်ငန်း၊ မျက်နှာစာလုံခြုံရေး စတီးပန်းများတပ်ဆင်ခြင်းစသည့် တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ သည်။ ဘုရားကုန်းတော်တိုးချဲ့ရေးကိုလည်း ဆောင်ရွက်ခဲ့ရာ ကုန်းတော်ဧရိယာ(၁.၀၈၅)ဧက၊ ရင်ပြင်တော်ဧရိယာ(၀.၅၈၉)ဧက၊ မြို့ဘက်ကမ်းဝတ္တကမြေ(၁.၅၁၅)ဧက တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။

၃။ စေတီကြီးလုံးတော်ပြည့်ရွှေချခြင်း(၃)ကြိမ်၊ ငါးစပ်တန်ဆောင်းရွှေချခြင်း(၁)ကြိမ်၊ ပြုပြင်မွမ်းမံ ရွှေချခြင်း(၁)ကြိမ်၊ ရှင်ဥပဂုတ္တစံကျောင်းတော်ရွှေချခြင်း၊ အရှေ့ဘက်မုခ်နှင့် အနောက်ဘက် မုခ်ကြီးများ ရွှေချခြင်း (၂)ကြိမ်၊ ရေဆင်းမုခ်ဦးရွှေချခြင်း(၂)ကြိမ်၊ အရံစေတီများရွှေချခြင်း(၂)ကြိမ်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်လိုဏ်၊ ပလ္လင်၊ တကဲ၊ ရုပ်ပွားတော်များရွှေချခြင်း(၂)ကြိမ်၊ ကြေးဆင်းတုတန်ဆောင်း ဘုံဆောင်များ ရွှေချခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၄။ အများသုံးသန့်စင်ခန်းတည်ဆောက်ခြင်း၊ အများသုံးလက်ဆေးရန်နှင့် ပန်းကန်ဆေးစင်(ဘေစင်) ပြန်လည်တည်ဆောက်ခြင်း၊ ကုန်းတော်အောက်ခြေကြမ်းခင်းများကျောက်ကြမ်းလောင်းခြင်း၊ ကာရံစတီး တန်းများ ကာရံခြင်း၊ ယာဥ်ရပ်နားကွင်းခြံစည်းရိုးများကာရံခြင်း၊ စေတီတော်ရင်ပြင်ရှိဘုရားတန်ဆောင်း၊ ရေဆင်းမုခ်ဦး တန်ဆောင်းများနှင့် မြို့ဘက်ကမ်းရှိမုခ်ဦးတန်ဆောင်းများဆေးသုတ်ခြင်း၊ မြို့ဘက်ကမ်း ဂေါပကရုံးအမိုးများ ပြန်လည်ပြုပြင်မိုးခြင်း၊ စေတီရင်ပြင်တော် ဒေါ်ဦးတန်ဆောင်းအောက်ခြေ တိုင်/ဘင့်များ၊ နဂါးရုံဘုရားအောက်ခြေ တိုင်များ/ဘင့်များ၊ ရှင်ဥပဂုတ္တလျောက်လမ်း အောက်ခြေတိုင် ဘင့်များ Epoxy Paint System လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့သော တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကမ္ဘာအရပ်ရပ်ဘုရားဖူးများ လှူဒါန်း ငွေ၊ မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လှူဒါန်းငွေများစသည့် အများလှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး စုစုပေါင်းတည်ဆောက်ပြုပြင်ငွေမှာ ကျပ်သိန်းပေါင်းတစ်သောင်းကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

၅။ ထို့အပြင် စေတီတော်မြတ်ကြီး၏ လိုအပ်သောပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအနေဖြင့် အများ သုံးလက်ဆေးရန်နှင့် ပန်းကန်ဆေးစင်(ဘေစင်)ကို စေတီတော်ရင်ပြင်တိုးချဲ့လျှောက်လမ်း အပြင်ဘက်သို့ ရွှေ့၍တည်ဆောက်ခြင်းကို (၂၅-၃-၂၀၂၄)ရက်နေ့တွင် တည်ဆောက်ခဲ့ပါသည်။ ကုန်ကျတန်ဖိုးငွေကျပ် (၁၂၁၁၅၂၀၀ိ/.)တစ်ရာနှစ်ဆယ့် တစ်သိန်းတစ်သောင်းငါးထောင့်နှစ်ရာတိတိ ဖြစ်ပါသည်။

(က) စေတီတော်ဘွဲ့တော်မုခ်ဦးဆိုင်းဘုတ်ပြင်ဆင်ခြင်း စေတီတော်ကုန်းတော်မျက်နှာစာ(မြို့ဘက်ကမ်း)ရှိ စေတီတော်ဘွဲ့တော် ယခင်မုခ်ဦးကျောက် တိုင်မှာ ဟောင်းနွမ်းယိုယွင်းလာသဖြင့်(၂၇-၆-၂၀၂၄)ရက်နေ့တွင် စတင်ခဲ့ပြီး မုခ်ဦးကျောက်တိုင်အသစ်ကို (၁၀-၉-၂၀၂၄)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ကုန်ကျတန်ဖိုးကျပ်(၁၀၆၃၇၂၁၆/.) တစ်ရာ့ခြောက်သိန်းသုံးသောင်းခုနှစ်ထောင့်နှစ်ရာတစ်ဆယ့်ခြောက်ကျပ်တိတိဖြစ်ပါသည်။

(ခ) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး(မြို့ဘက်ကမ်း)တိုးချဲ့ပြုပြင်ခြင်း မြို့ဘက်ကမ်းဂေါပကရုံးတွင် သြဝါဒါစရိယဆရာတော်များသြဝါဒါခံရန်နှင့် ရုံးသုံးပရိဘောဂ များထားရှိရန် ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်အရမှန်လုံခန်းကို အသုံးပြုပြီး သစ်သားများဖြင့်(၁၈-၇-၂၀၂၄)ရက်နေ့တွင် စတင်၍ (၅-၁၁-၂၀၂၄)နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကုန်ကျငွေကျပ် (၂၁၀၁၈၂၀၀ိ/.)သိန်းနှစ်ရာ့တစ်ဆယ် တစ်သောင်းရှစ်ထောင့်နှစ်ရာတိတိ ဖြစ်ပါသည်။

(ဂ) သံဃာတော်သီတင်းသုံးရာ မှန်လုံခန်းတည်ဆောက်ခြင်း စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဗုဒ္ဓပူဇနိယ ပွဲတော်တွင် သြဝါဒါစရိယဆရာတော်များ၊ ဘာဏကသံဃာတော်များ သီတင်းသုံးတော်မူရန်အတွက် လည်းကောင်း၊ အလှူခံပုံးများအလှူငွေ လစဥ်ဖွင့်ဖောက်စစ်ဆေးရေတွက်ရာတွင်လည်းကောင်း အသုံး ပြုရန် လာဘမုနိတန်ဆောင်းတွင် အနောက်ဘက်မှ မှန်လုံခန်းတည်ဆောက်ခြင်းကို အသုံးပြုပြီးသစ်သား များဖြင့် (၁၉-၁၂-၂၀၂၄)ရက် စတင်ခဲ့ရာ (၁၈-၃-၂၀၂၅)ရက်နေ့တွင် ပြီးစီးခဲ့ပြီး ကုန်ကျငွေကျပ် (၁၅၀၃၈၆၀၀ိ/.)သိန်းတစ်ရာ့ငါးဆယ်သုံးသောင်းရှစ်ထောင့်ခြောက်ရာကျပ်တိတိ ကုန်ကျခဲ့ပါသည်။

လှူဒါန်းမှုဆိုင်ရာများ

ရွှေသင်္ကန်းတော်ဆိုင်ရာ

ရွှေဆိုင်း (၁၀၀) ဆိုင်း = ၃၆၀,၀၀၀/-

ပန်းပင်များလှူဒါန်းမှုဆိုင်ရာ

စေတီတော်မြတ်ကြီးအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဂေါပကအဖွဲ့သို့လာရောက်လှူဒါန်းနိုင်ပါသည်

ဆီမီးလှူဒါန်းမှုဆိုင်ရာ

ဆီမီးများ၊ အမွှေးတိုင်များ ကို လည်း အလှူရှင်များ အနေဖြင့် လာ‌ရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ

လျှပ်စစ်မီးတစ်ရက် = ၄၀,၀၀၀ကျပ်

ဧည့်လမ်းညွှန်ဆိုင်ရာ

ကျိုက်မှော်၀န်းရေလယ်စေတီတော် ပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်

(1) ဧည့်လမ်းညွှန်များသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လိုပ်ပိုင်ခွင့်ရှိသည်။
(2) ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင်ချိတ်ဆွဲထားရမည်။
(3) ဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရမည်။
(4) လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများအလိုက် ဘုရားပေါ်သို့ လာရောက် လေ့လာလိုပါက ရှင်းလင်းပြသမည့်သူသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးအပ် ထားသူဖြစ်ကြောင်း အထောက်အထားအား စစ်ဆေးရေးအဖွဲ့သို့ ပြသနိုင်ရမည်။
အထက်ဖော်ပြပါ အချက်အလက်များလိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။