ပွဲတော်များ

သီတင်းကျွတ်ပွဲတော်





ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး ကုန်းတော်ပေါ်တွင် ကျောက်တန်းမြို့ခံအလှူရှင်များ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပါရမီရှင်များမှ လှူဒါန်းခြင်း၊ မြို့ပေါ် ရပ်ကွက်အသီးသီးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ညနေ(၃) နာရီတွင် သစ်သီးများလာရောက်လှူဒါန်းကြရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ စတုဒီသာများ ဧည့်ခံကျွေးမွေးလှူဒါန်းကြပါသည်။
စေတီတော်လုံးတော်ပတ်ပတ်လည်နှင့် ဇရပ်၊ တန်ဆောင်း၊ ပြသာဒ်များ၊ မြို့ဘက်ကမ်းဇရပ်၊ တန်ဆောင်း၊ ပြသာဒ်များတွင် ရောင်စုံမီးအလှများ သွယ်တန်းပူဇော်ခြင်း၊ ဆီမီး(၁၁၀၀)ထွန်းညှိ ပူဇော်ခြင်းဖြင့် ညချမ်းအချိန် မှော်ဝန်းချောင်းရေပြင်တွင် ဆီမီးရောင်ဝါနှင့် ရောင်စုံမီးအလှများမှာ တဖျက်ဖျက် တလက်လက် ထင်ဟပ်လျက် စေတီတော်မြတ်ကြီးမှာ လွန်စွာတင့်တယ်သပ္ပာယ်လွန်းလှပြီး ဖူးမျှော် ကြည်ညိုရသူရင်ဝယ် အေးမြရင်သပ်ရှုမောဖူးမျှော်၍ မဝအောင်ပင် ရှိနေပါတော့သည်။ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး ကုန်းတော်ပေါ်တွင် ကျောက်တန်းမြို့ခံအလှူရှင်များ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပါရမီရှင်များမှ လှူဒါန်းခြင်း၊ မြို့ပေါ် ရပ်ကွက်အသီးသီးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ညနေ(၃) နာရီတွင် သစ်သီးများလာရောက်လှူဒါန်းကြရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ စတုဒီသာများ ဧည့်ခံကျွေးမွေးလှူဒါန်းကြပါသည်။
စေတီတော်လုံးတော်ပတ်ပတ်လည်နှင့် ဇရပ်၊ တန်ဆောင်း၊ ပြသာဒ်များ၊ မြို့ဘက်ကမ်းဇရပ်၊ တန်ဆောင်း၊ ပြသာဒ်များတွင် ရောင်စုံမီးအလှများ သွယ်တန်းပူဇော်ခြင်း၊ ဆီမီး(၁၁၀၀)ထွန်းညှိ ပူဇော်ခြင်းဖြင့် ညချမ်းအချိန် မှော်ဝန်းချောင်းရေပြင်တွင် ဆီမီးရောင်ဝါနှင့် ရောင်စုံမီးအလှများမှာ တဖျက်ဖျက် တလက်လက် ထင်ဟပ်လျက် စေတီတော်မြတ်ကြီးမှာ လွန်စွာတင့်တယ်သပ္ပာယ်လွန်းလှပြီး ဖူးမျှော် ကြည်ညိုရသူရင်ဝယ် အေးမြရင်သပ်ရှုမောဖူးမျှော်၍ မဝအောင်ပင် ရှိနေပါတော့သည်။မြို့ဘက်ကမ်းယာဥ်ရပ်နားကွင်းတွင်လည်း ရောင်စုံမီးအလှများ သွယ်တန်းအလှဆင်ထားပြီး ကျောက်တန်းမြို့ရပ်ကွက်၊ ကျေးရွာအသီးသီးမှ လာရောက်ကြည့်ရှုစိတ်အပန်းဖြေကြသူများနှင့် အလွန် စည်ကားလျက်ရှိပါသည်။
သီတင်းကျွတ်လပြည့်နေ့နံနက်တွင် ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်၍ ဘုရားအမှူးရှိသော သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။
မြို့ဘက်ကမ်းယာဥ်ရပ်နားကွင်းတွင်လည်း ရောင်စုံမီးအလှများ သွယ်တန်းအလှဆင်ထားပြီး ကျောက်တန်းမြို့ရပ်ကွက်၊ ကျေးရွာအသီးသီးမှ လာရောက်ကြည့်ရှုစိတ်အပန်းဖြေကြသူများနှင့် အလွန် စည်ကားလျက်ရှိပါသည်။
သီတင်းကျွတ်လပြည့်နေ့နံနက်တွင် ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်၍ ဘုရားအမှူးရှိသော သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။

တန်ဆောင်တိုင် ပွဲတော်










တန်ဆောင်မုန်းလဆန်း(၁၃)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ ထိ တန်ဆောင်တိုင်ပွဲကို ဆီမီးပူဇော်ခြင်း၊ ထမနဲထိုးပွဲများ ကျင်းပခြင်းဖြင့် ကျင်းပပါသည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ

ဗုဒ္ဓပူဇနိယပွဲတော်












ဗုဒ္ဓပူဇနိယပွဲတော်ပူဇာသဘင်စီရင်ကျင်းပခြင်း
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ် တပေါင်းလဆန်း(၇)ရက်နေ့မှ လပြည့်နေ့အထိ (၉)ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာသုံးဖြာဖြင့် ဘာသာသာသနာဆိုင်ရာ အစီအစဥ်များဖြင့် အစဥ်တစိုက်ကျင်းပလာခဲ့ရာ (၁၃၇၁)ခုနှစ်တွင် အကြိမ်တစ်ရာပြည့်၍ ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို စီရင်ကျင်းပနိုင်ခဲ့ပါသည်။
တပေါင်းလဆန်း(၇)ရက်နေ့ နံနက်ပိုင်းတွင် ရေလယ်ဘုရားလမ်းရှိ ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးတွင် ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပပြီး တပေါင်းလဆန်း(၇)ရက်နေ့မှ (၉)ရက်နေ့အထိ သုံးညတိုင်တိုင် ဓမ္မပူဇာသဘင်တရားပွဲများ ကျင်းပခြင်း၊ ဖွင့်ပွဲနေ့မှ၍ တပေါင်းလပြည့်နေ့ထိ(၉)ရက်တိုင်တိုင် ဆုတောင်းပြည့်ငါးစပ်ဘုရားတန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်အသီးသီးတို့မှ သံဃာတော်အရှင်သူမြတ်(၃၅)ပါးတို့က အဘိဓမ္မာ(၇)ကျမ်းမြတ် ဒေသနာတော်ကြီးအား အသံမစဲရွတ်ဖတ်ပူဇော်ကြပါသည်။ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များကို နေ့စဥ် အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူဒါနကို ဂေါပကအဖွဲ့များနှင့် စေတနာရှင်အသီးသီးနှင့် ဘုရားဖူးလာပါရမီရှင်စေတနာရှင်တို့ကလည်း လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင်များကို ပါဝင်လှူဒါန်းကြပါသည်။
တပေါင်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်က စေတီတော်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူကြပြီး ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ကြပါသည်။ မြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများကလည်း ဆွမ်းတော်ကြီးတင်လှူရန် လှူဖွယ်ပစ္စည်းများကို တစ်ရက်ကြိုတင်ပြီး တပေါင်းလဆန်း(၁၄)ရက်နေ့တွင် လာရောက်လှူဒါန်းကြရာတွင် စေတနာရှင်များက စတုဒီသာကျွေးမွေးဧည့်ခံလေ့ရှိကြပါသည်။
ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကများ၊ ဝန်ထမ်းများနှင့် စေတနာရှင်အပေါင်းတို့က နဂါးနတ်မင်းနှင့် ရေနေသူတော်စင်များ စေတီတော်မြတ်ကြီးကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းနိုင်ရန် တပေါင်းလပြည့်နံနက်ဆွမ်းသပိတ်မျောလှူဒါန်းပူဇော်လာခဲ့ရာ (၁၃၈၆)ခုနှစ်အထိ (၅၁)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ
တပေါင်းလပြည့်နေ့တွင် ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်ရှိ “ရွှေမှော်ဝန်းသာသနာ့ ဗိမာန်တော်” တွင် ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ကျောင်းထိုင်၊ ကျောင်းပိုင် သံဃာတော်အရှင်မြတ်များကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ရာ ဗုဒ္ဓပူဇနိယပွဲတော်(၁၁၄)ကြိမ်မှစ၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်(၂၂၅)ပါးကို နေ့ဆွမ်းဆက်ကပ်၍ မွန်းလွဲ(၁)နာရီအချိန်တွင် ရွှေမှော်ဝန်းသာသနာဗိမာန်တော်မှ မင်းကျောင်းလမ်း၊ လမ်းမတော်လမ်း၊ မကျီးတန်းလမ်း၊ ရေလယ်ဘုရားလမ်းအတိုင်း ရေလယ်ဘုရားမုခ်ဦးရှေ့အထိ ဆွန်းဆန်စိမ်းအလှူခံ ကြွရောက်တော်မူခဲ့ရာမှ ဗုဒ္ဓပူဇနိယပွဲတော်(၁၁၄)ကြိမ်မှစ၍ ပူပြင်းလှသည့်ရာသီဥတုဒဏ်ကြောင့် နံနက်(၇)နာရီမှ စတင်၍ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်တော်မူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။တပေါင်းလပြည့်နေ့တွင် ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်ရှိ “ရွှေမှော်ဝန်းသာသနာ့ ဗိမာန်တော်” တွင် ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ကျောင်းထိုင်၊ ကျောင်းပိုင် သံဃာတော်အရှင်မြတ်များကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ရာ ဗုဒ္ဓပူဇနိယပွဲတော်(၁၁၄)ကြိမ်မှစ၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်(၂၂၅)ပါးကို နေ့ဆွမ်းဆက်ကပ်၍ မွန်းလွဲ(၁)နာရီအချိန်တွင် ရွှေမှော်ဝန်းသာသနာဗိမာန်တော်မှ မင်းကျောင်းလမ်း၊ လမ်းမတော်လမ်း၊ မကျီးတန်းလမ်း၊ ရေလယ်ဘုရားလမ်းအတိုင်း ရေလယ်ဘုရားမုခ်ဦးရှေ့အထိ ဆွန်းဆန်စိမ်းအလှူခံ ကြွရောက်တော်မူခဲ့ရာမှ ဗုဒ္ဓပူဇနိယပွဲတော်(၁၁၄)ကြိမ်မှစ၍ ပူပြင်းလှသည့်ရာသီဥတုဒဏ်ကြောင့် နံနက်(၇)နာရီမှ စတင်၍ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်တော်မူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စေတနာရှင်အသီးသီးမှ လှူဒါန်းထားသည့် ဆွမ်းဆန်စိမ်း အလှူငွေကျပ်သိန်း(၅၀၀)ကျော်ကို ငွေပဒေသာပင်များပြုလုပ်၍ လောင်းလှူခဲ့ပါသည်။ မြို့ပေါ်(၉) ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့မှ အလှူရှင်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာစေတနာရှင်တို့ ကလည်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆွမ်းဆန်စိမ်းကြွရောက်အလှူခံရာ လမ်းတစ်လျှောက်လာရောက်လောင်းလှူကြရာ အလွန်စည်ကားလှပါသည်။


ထွန်းညှိပူဇော်မီးမျော၊ ဆီမီးပူဇော်ပွဲ
မှော်ဝန်းချောင်းရေလယ်တွင် ထူးခြားအံ့ဘွယ်သပ္ပာယ်စွာ သီတင်းသုံးစံပယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးအား ချောင်းအတွင်း၌ ရောင်စုံဆီမီး များဖြင့် ထွန်းညှိမီးမျောပူဇော်ပွဲကို (၁၃၆၇) ခုနှစ် တပေါင်းလပြည့်(၁၃-၃-၂၀၀၆)ညပိုင်းတွင် စတင်ခဲ့ပါသည်။
စေတီတော်မြတ်ကြီး၏ လုံးတော်ပတ်လည်၊ ကုန်းတော်ပတ်ပတ်လည်တို့နှင့် ဇရပ်၊ တန်ဆောင်း ပြသာဒ်၊ သာသနိကအဆောက်အဦးများ၊ ယာဥ်ရပ်နားကွင်းနှင့်ဝတ္တကမြေ၊ မုခ်ဦးခြံစည်းရိုးများတွင် ရောင်စုံဆီမီးများ ထွန်းညှိပူဇော်ထားသည့်အတွက် စေတီတော်ြမတ်ကြီးအား မြို့ဘက်ကမ်းမှ လှမ်းမျှော် ဖူးမြင်ရသည်မှာ ဆီမီးရောင်များ ချောင်းလယ်တွင် ထင်ဟပ်ပေါ်လွင်လျက် ချောင်းအထက်မှ စီးမျှောလာ သည့် ဆီမီးခွက်များ၏ အရောင်များနှင့် တဖိတ်ဖိတ်တလက်လက်ရောယှက်တွေ့မြင်ရသည်မှာ ရင်သပ် ရှုမောတင့်တယ်ကြည်ညိုဖွယ်လွန်စွာကောင်းလှပါသည်။
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ပျော်ပွဲ၊ ရွှင်ပွဲများ အနေဖြင့် ပွဲတော်ရက်များတွင် ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ ဘားဆက်ကပ်၊ မျက်လှည့်ပွဲများနှင့် စျေးရောင်း ပွဲတော်များ၊ စျေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပါသည်။