စေတီတော်လမ်းညွှန်

စေတီတော် လမ်းညွှန်

သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီတော် ဘုရားဖူးလမ်းညွှန်

စေတီတော်ဝင်းအတွင်းသို့ဝင်ရောက်ရန် –

      • ကမာကြည်လမ်းမကြီးဘက်တွင် အနောက်ဘက်မုခ်ဦး၊
      • အနန္ဒမေတ္တာလမ်းဘက်တွင် မြောက်ဘက်မုခ်ဦး၊
      • မြဝတ်ရီလမ်းဘက်တွင် တောင်ဘက်မုခ်ဦး တို့ရှိသည်။
  • ပင်မအနောက်ဘက်မုခ် မှ ဝင်လျှင် စေတီတော်မြတ်ကြီး၏ အနောက်ဘက်မဟာသုခချမ်းသာအာရုံခံတန်ဆောင်း ဖူးတွေ့ရမည်။ လကျာ်ရစ်ပတ်၍ ကြာသပတေး၊ ရာဟု၊ သောကြာဂြိုလ်တိုင်ဖူးပြီးက မြောက်ဘက်မဟာဒုက်အာရုံခံ  တန်ဆောင်းကို ဖူးတွေ့ရမည်။ ထိုမှတနင်္ဂနွေ-ဂြိုလ်တိုင်ကျော်လွန်ပါက အရှေ့ဘက်မဟာမိုးမြအာရုံခံတန်ဆောင်း ဖူးတွေ့ရမည်။ ထိုမှ တဖန် အင်္ဂါဂြိုလ်တိုင်ကျော်လွန်ပါက တောင်ဘက်မဟာခန္တီသုခအာရုံခံတန်ဆောင်းဖူးတွေ့ရမည်။ အရှေ့ဆက်၍ စနေ-ဂြိုလ်တိုင်  ဖူးပြီးပါက အနောက်ဘက်အာရုံခံတန်ဆောင်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
  • ရင်ပြင်‌တော်အနောက်ဘက်နှင့် မြောက်ဘက်ခြမ်းတွင် ကျောက်စာ၊ ရတနဃရသတ္တဟကျောင်းဆောင်၊ ကြေးခေါင်းလောင်းကြီးများ၊ မဟာဝဏ္ဏသာရတန်‌ဆောင်းဖူးတွေ့ရမည်။
  • ရင်ပြင်တော်ရှေ့မြောက်ဘက်တွင် စင်္ကမသတ္တာဟ၊ အနိမိတ္တသတ္တာဟ၊ ကြေးခေါင်းလောင်းတံခွန်တိုင်၊ ထီးတော် ဂန္ဓာကုဋိတိုက်၊ ရှင်ဥပဂုတ္တရေကန်၊ ရတနာမာရ်အောင်ကျောင်းဆောင် တို့ဖူးတွေ့ရမည်။
  • ရင်ပြင်တော်ရှေ့တောင်ထောင့်တွင် ရှင်သီဝလိကျောင်း‌ဆောင်တော်၊ တံခွန်တိုင်၊ မုစလိန္ဒသတ္တာဟ၊ ဝိဇ္ဇာတန်ဆောင်း၊ ဘောဂဝတီမယ်တော်နတ်နန်းနှင့် ရာဇာရတနသတ္တာဟ(လင်းလွန်းပင်)တို့ကိုဖူးတွေ့ရမည်။
  • ရင်ပြင်တော်အနောက်တောင်အရပ်တွင် ကြေးခေါင်းလောင်းတော်၊ တံခွန်တိုင်၊ ခြေတော်ရာတန်ဆောင်း၊ ဂေါပကအဖွဲ့ရုံးတို့ကိုတွေ့ရှိရပါမည်။
  • စေတီတော်ရင်ပြင် အပြင်ဘက်ဝန်းအတွင်း၌ အရှေ့ဘက်တွင်- မဟာဗောဓိညောင်ပင်၊ အဇပါလသတ္တာဟ၊ ရေလှောင်ကန်နှင့် တောင်ဘက်အရပ်တွင် စေတီတော်ဝန်ထမ်းအိမ်ယာ၊ ရေလှောင်ကန်အဝေစိတွင်း ရဟန်းသံဃာခေတ္တနားနေဆောင်၊ ဘုရားလောင်းသိဒတ္တမင်းသားဖွားမြင်ခြင်းပုံတော်-စေတီတော် ပင်မဓမ္မာရုံကြီးမြင်တွေ့ရမည်။ စေတီတော်အနောက်ဘက်အရပ်တွင် ကမာကြည်လမ်းမကြီးမေးတင် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ခန်းများ တည်ဆောက် ထားပြီး စေတီတော်မြောက်ဘက်တွင် ဘိုးဘိုးကြီးကျောင်းဆောင်ညောင်ပင်၊ သန့်စင်ခန်းနှင့် မဟာတေဇဗိမ္မာန်တို့ကိုမြင်တွေ့ရပါမည်။