စေတီတော်ဆိုင်ရာ

စေတီတော်သမိုင်း

ဘွဲ့အမည်

ဉာဏ်တော်အမြင့်

ဝတ္တကမြေအကျယ်အဝန်း

သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်

၈၁ ပေ (၂၄.၆၉ မီတာ)

၉.၀၀၂ ဧက

စေတီတော်တည်ထားရန် မြေနေရာသတ်မှတ်ခြင်း

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ထံသို့ သုဝဏ္ဏသင်္ဃန်းကျွန်းမြို့နယ်နေ မြို့နယ်သူ/သားများက စေတီတော်မြတ်ကြီးတစ်ဆူ တည်ထားကိုးကွယ်ပူဇော်လိုကြောင်း ဆန္ဒပြုတောင်းဆိုတင်ပြလာသည့်အတွက် အတွင်းရေးမှူး()ဗိုလ်ချုပ်ကြီးခင်ညွန့် မှ သုဝဏ္ဏကမာကြည်လမ်းနှင့် မြဝတ်ရည်လမ်းထိပ်(ထောင့်) (.၀၀၂)ဧက အကျယ်အဝန်းရှိမြေကွက်အား (၂၂၁၂၁၉၉၀)ရက်နေ့တွင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်  ရွေးချယ်ချမှတ်ပေးခဲ့ပါသည်။

စေတီတော်တည်ထားသောမြေနေရာ၏ ယခင်ကာလထူးခြားဖြစ်စဥ်သမိုင်းအကျဥ်း

စေတီတော်တည်ထားကိုးကွယ်ရန် သတ်မှတ်ပေးခဲ့သောနေရာသည် ရှေးယခင်ကဘုရားသုံးဆူတည်ထားသောနေရာဖြစ်ပြီး၊ ဘုရားများ၏စိန်ဖူးတော်များမှ ရောင်ခြည်တော်ကွန့်မြူးသည်ကိုရှေးလူကြီးများပြောကြားခဲ့သည်ကို သိရှိခဲ့ရပြီး ယခုအခါတွင် ရေခ၍ပျောက်ကွယ်ခဲ့ရသည်ဟု သိရှိရသည်။ စေတီတော်သစ်တည်ထားရန်မြေများတူးသည့်အခါ ရှေးဟောင်းဘုရားရုပ်ပွားတော်များ တွေ့ရှိခဲ့ရပါသည်။

စေတီတော်မြတ်ကြီး၏ ပုံစံအရွယ်အစား

စေတီတော်မြတ်ကြီး၏ ပုံစံကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ပုံစံအချိုးဖြင့် ဉာဏ်တော်အမြင့်(၈၁)ပေ၊ စေတီအချင်း(၈၅)ပေ၊ ပန်းတင်ခုံအမြင့်()ပေ ရှိသော စေတီတော်အရွယ်အစားတည်ဆောက်ထားပါသည်။

စေတီတော်မြတ်ကြီးတည်ထားပူဇော်ခြင်းအဆင့်ဆင့်

(က)     ၂၇၁၉၉၁ ရက်နေ့တွင် မြေသန့်မင်္ဂလာကျင်းပခြင်း။

()    ၂၇၁၉၉၁ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာကျင်းပခြင်း။

()    ၁၉၉၁ ရက်နေ့တွင် အုတ်မြစ်စီမင်္ဂလာကျင်းပခြင်း။

(၂၆၁၉၉၁ ရက်နေ့တွင် အောက်ဌာပနာသွင်းမင်္ဂလာကျင်းပခြင်း။

()    ၂၀၁၁၁၉၉၃ ရက်နေ့တွင် အထက်ဌာပနာသွင်းမင်္ဂလာကျင်းပခြင်း။

()    ၁၂၁၉၉၃ ရက်နေ့တွင် ပန်းလည်တိုင်စိုက်ထူသည့်မင်္ဂလာကျင်းပခြင်း။

(၂၄၁၂၁၉၉၃ ရက်နေ့တွင် ရှင်လေးပါးဌာပနာသွင်းမင်္ဂလာကျင်းပခြင်း။

()    ၁၉၉၄ ရက်နေ့တွင် စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့်ထီးတော်တို့ဆက်ကပ်လှူဒါန်းခြင်း။

()   ၁၉၉၄ ရက်နေ့ မင်္ဂလာအချိန်တွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာကျင်းပ၍  “သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီတော်ဟူသောဘွဲ့အမည်တော်ကို ဆက်ကပ်ပူဇော်ခြင်း။

 ()    ၁၁၁၉၉၄ ရက်နေ့တွင် အရံစေတီ()ဆူအား ရွှေထီးတော်ငှက်မြတ်နားတော် စိန်ဖူးတော်တို့အား ဆက်ကပ်လှူဒါန်းပူဇော်ခြင်း။

ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်

ဓါတ်တော်စွယ်တော်များ

အရံစေတီတော် (၈) ဆူ

ဂြိုလ်တိုင်များ

တနင်္ဂနွေဂြိုလ်တိုင်

တနင်္ဂနွေဂြိုလ်တိုင်

တနင်္လာဂြိုလ်တိုင်

တနင်္လာဂြိုလ်တိုင်

အင်္ဂါဂြိုလ်တိုင်

အင်္ဂါဂြိုလ်တိုင်

ဗုဒ္ဓဟူးဂြိုလ်တိုင်

ဗုဒ္ဓဟူးဂြိုလ်တိုင်

ကြာသပတေးဂြိုလ်တိုင်

ကြာသပတေးဂြိုလ်တိုင်

သောကြာဂြိုလ်တိုင်

သောကြာဂြိုလ်တိုင်

စနေဂြိုလ်တိုင်

စနေဂြိုလ်တိုင်

ရာဟုဂြိုလ်တိုင်

ရာဟုဂြိုလ်တိုင်