ဖူးမြော်လေ့လာရန်နေရာများ

သာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှုများ

စေတီတော်မြတ်ကြီးပေါ်ပေါက်လာပုံ

၁၉၉၀-ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် သုဝဏ္ဏ (၂၉)ရပ်ကွက်၊ ခွန်နီလမ်းနေ ဗိုလ်မှူး လှရွှေ(ငြိမ်းစား) မှ ဦးဆောင်လျှက် သုဝဏ္ဏနေ လူထု(၅၄၀)ကျော်တို့မှ လက်မှတ်ရေးထိုးကာ အများပြည်သူများ ကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် သင်္ဃန်းကျွန်းမြို့နယ် အရှေ့ဘက်ခြမ်းတွင် စေတီတော်မြတ်ကြီးတစ်ဆူတည်ထားပေးစေလိုပါကြောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခင်ညွန့် ထံ တင်ပြလျှောက်ထားခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှလည်း ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ တော်မြတ်ကြီးအရှည်ခန့်၍ တည်တံ့နိုင်စေရန်၊ ပြည်သူပြည်သားများ ကြည်ညိုသဒ္ဓါပွား၍ ကုသိုလ် အကျိုးများစေရန်အတွက် ရည်မှန်း၍ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်ခြမ်း (သုဝဏ္ဏ) ရန်ကုန်သစ်ရပ်ကွက် အရှေ့ဘက် ကမာကြည်လမ်းနှင့် မြဝတ်ရည်လမ်းထိပ်(ထောင့်မြေကွက်) ၉.၀၀၂ ဧက ကျယ်ဝန်းသောမြေကွက်အား စေတီတော်မြတ်ကြီးနှင့် နောင်ဆက်ကပ်လှူဒါန်း တည်ဆောက်မည့်- ဓမ္မာရုံ၊ တန်ဆောင်း၊ သာသနိကအဆောက်အဦးများ တည်ဆောက်နိုင်ရန် ရည်မှန်း၍ (၂၂-၁၂-၁၉၉၀)ရက်နေ့တွင် လမ်းညွှန်ပံ့ပိုးနေရာသတ်မှတ်ပေးခဲ့ရာမှ စ၍ သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန် ပေါ်ပေါက်လာပါသည်။
ဘုရားဖူးလမ်းညွှန်

သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား အများပြည်သူများ လွယ်လင့်တကူသွားလာ ဖူးမြော်နိုင်ရေးအတွက် ဘုရားဖူးလမ်းညွှန်မြေပုံအား ပြသထားပါသည်။