ဘုရားစေတီတော်များ

နေလဘုရား

စနေနံ (၇) နှင့် လ (ဗုဒ္ဓဟူးနံ (၄) )တို့၏ ပြိုင်ဂဏန်းများကို ပေါင်းလျှင်(၁၁) ရပြီးပေါင်းသည် (၁၁) နဝင်းဖြစ်ပြီး လောကီနဝင်းဖြစ်ပေသည်။ နေ (စနေဂြိုလ်သက်–၁၀)နှင့် လ (ဗုဒ္ဓဟူးဂြိုလ်သက် (၁၇) တို့၏ ဂြိုလ်သက်များကိုပေါင်းလျှင် (၂၇)ရပြီး (၉) နဝင်းဖြစ်သည်။ မူလနဝင်းဖြစ်လေပြန်တော့သည်။

နေစင်္ကြာ၊လစင်္ကြာ၊ နေနဝင်းစင်္ကြာ၊ လစင်္ကြာ၊ နေနဝင်းဒေါင်းစင်္ကြာ၊ လနဝင်းယုန်စင်္ကြာဟုလည်းခေါ်ကြပါသည်။

နေလဘုရားတွင်ပူဇော်ခြင်းသည် လောက၏ ရုပ်ဓာတ်၊ နာမ်ဓာတ်၊ အပူ အအေးဓာတ်တို့ကို တပြိုင်တည်း ပူဇော်ခြင်းဖြစ်ပြီး၊ နေလိုလလို ထင်ရှားလာခြင်း၊ လောကကြီးနှင့် သဟဇာတဖြစ်လာခြင်း၊ လောကီအကျိုးထူးများခံစားရခြင်းတို့ဖြစ်မည်။

အတုလမာရ်အောင်ဆင်းတုတော်

      အတုလမာရ်အောင် ဆင်းတုတော်သည် စကျင်ကျောက်ကို ထုလုပ်ထားသော ဆင်းတုတော်ဖြစ်သည်။ ဆင်းတုတော်၏စမ္မခဏ်တွင်အလှူရှင်ကမ္ပည်းရေးထိုးထားသည်။ ကမ္ပည်းအပြည့်အစုံမှာဤသို့ဖြစ်သည်။

“သက္ကရာဇ် ၁၂၄၁ ခု၊ သီတင်းကျွတ်လဆန်း ၅ ရက်တွင် ရန်ကုန်မြို့

ပန်တိမ်တံနေ ဘုရားတကာကိုလှပေါ်၊ ဘုရားအမ မမယ်ဇံ ကောင်းမှု”

 ထိုဆင်းတုတော်သည် ရှေးကရင်ပြင်တော်ရှိ ဘိုးဘိုးကြီးဆောင်အနားတွင်ရှိသည်။ ပျက်စီးယိုယွင်း နေသဖြင့် ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် ဆူးလေစေတီတော်ဂေါပကအဖွဲ့က ပြန်လည်ပြုပြင်ပြီး “ဘိုးဘိုးကြီး ဘုရား” ဟု ဘွဲ့တော် သမုတ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ် ဆူးလေစေတီတော် ဘက်စုံမွမ်းမံပြုပြင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သည့်အခါ လက်ရှိသီတင်းသုံးတော်မူ သည့်ဂန္ဓကုဋိကျောင်းတော် အတွင်း ပြောင်းရွှေ့ကိုးကွယ်ခဲ့ပြီး ဘွဲ့တော်ကိုလည်း အတုလမာရ်အောင် ဆုတောင်းပြည့်မြတ်စွာဘုရားဟု သမုတ်ခဲ့ကြသည်။