ဖူးမြော်ကြည်ညိုရန်နေရာများ

အံ့ဖွယ်အောင်မြေ ( ၉) ဌါန

အံ့ဖွယ်အောင်မြေ ၁ သင်္ခါရလောကအောင်မြေတစ်ဝဂူဘုရား

(သင်္ခါရလောကအောင်မြေ တစ်ဝဂူဘုရား)တဝဂူအောင်မြေဟုခေါ်ကြသည်။ အရှေ့ဘက်မှ အရှေ့ဘက်မုခ်ရှိ တစ်ဝဂူဘုရားလိုဏ်ဂူတော်ဘေးရှိယာဖက်ကြေးသွန်းဘုရား မျက်လုံးတော်သည် ပြဒါးသေနှင့် တွေ့ရပြီး ဝဲဘက်မျက်လုံးတော်တွင် သွပ်သေဓါတ်လုံး ထည့်သွင်းထားသည်ကို ဖူးမျှော် တွေ့ရှိရပါမည်။တဝဂူဘုရားအဝင် ယာဖက်တွင် အများပြည်သ ည်သူ ဘုရားဖူးများ ကရုဏာကြေးသွန်းဘုရား-ကိုလည်း ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့နိုင်ပြီး ဝဲဘက်တွင် မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို ဖူးမျှော်ပူဇော်နိုင်ပါသည်။

အံ့ဖွယ်အောင်မြေ ၂ သတ္တဟလောက အောင်မြေတစ်ဝဂူဘုရား

သတ္တဟလောက အောင်မြေ

သမင်အောင်မြေဟု ခေါ်ကြသည်။ ကျားမှသမင်အားလိုက်ရာ ဤနေရာသို့ ရောက်သော် သမင်မှ ကျားအား တဖန်ပြန်လည်လိုက်ခဲ့သည်ကို အကြောင်းပြု၍ သမင်အောင်မြေဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အဆိုပါအောင်မြေတန်ဆောင်း ကြေးသွန်းဘုရားဆင်းတုတော်၏ ဝဲ/ယာ လက်ပုခုံးတော်တွင် သင်္ကန်းတော်ရှိသည်။ ခြေတော်ရင်းမှ အင်္ဂတေပေါ်တွင် ခြေရာများပေါ်ပေါက်ခဲ့ပြီး ယခုအခါ သူ့အလိုအလျောက် ပျောက်သွားကြောင်း သိရပါသည်။(တောင်ဘက်မုခ် ဦးကျော်ရွှေတန်းဆောင်းသည် သမင်အောင်မြေ ဖြစ်ပါသည်။)

အံ့ဖွယ်အောင်မြေ ၃ သြကာသလောကအောင်မြေ

ဩကာသလောက အောင်မြေ

ဘုရင့်နောင်မင်းတရားကြီး၏ အောင်မြေဟု ခေါ်ဆိုကြသည်။ထိုနေရာတွင် ဇေယျသတ္တမ္ဘကျောက်တိုင်စိုက်ထူထားပြီး သမိုင်းအကျဉ်းကို ဖော်ပြထားပါသည်။ဘုရင့်နောင်မင်းတရားကြီး သည် သူပုန်ဗိုလ်ချုပ်-နာဂိန္ဒကို ထိုနေရာ၌ သက္ကရာဇ် ၉၂၆-အပြီးတိုင် အောင်မြင်သော အထိမ်း အမှတ်အဖြစ် အောင်မြေကျောက်တိုင်အား စိုက်ထူခဲ့ခြင်း ဖြစ်ပါသည်

အံ့ဖွယ်အောင်မြေ ၄ သင်္ခါရလောက အောင်မြေ

သင်္ခါရလောက အောင်မြေ

ရှင်မထီးဘွဲ့ခံ ရှင်အဇ္ဇဂေါဏ အောင်မြေဖြစ်ပါသည်။အရှင်အဇ္ဇဂေါဏ၏ မျက်လုံးကွယ်ခဲ့ သောအခါ ဆိတ်မျက်လုံတစ်လုံးနှင့် နွားမျက်လုံးတစ်လုံးထည့်ရာ အောင်မြင်သည်ခဲ့သည်ကိုအကြောင်းပြု၍ ဘုရားရုပ်ပွားတော်အား နံက်ကျီးမနိုးခင် ညတွင်းခြင်း အပြီးတည်ခဲ့သောကြောင့် ကျီးမနိုးဘုရားဟူ၍ လည်း ခေါ်ကြသေးသ သးသည်။ထိုရုပ်ပွားတော်သည် အနောက်ဖက်မုခ်တွင် တည် ရှိပြီး မူလနေရာမှ စေတီတော်ကြီး၏ ခြေတော်ရင်းသို့ ပြောင်းရွှေ့ပြီး လှိုင်ဂူတော်တွင် ထည့်သွင်းပူဇော်ထားသည်ကို ဖူးတွေ့နိုင်ပါသည်။

အံ့ဖွယ်အောင်မြေ ၅ သတ္တဟလောက အောင်မြေ

(သတ္တဟလောက အောင်မြေ )

ကြွက်အောင်မြေဟု ခေါ်ဆိုကြပါသည်။ထိုနေရာတွင် ကြွက် အောင်မြေဟု ကဗျည်းကျောက်စာတိုင်စိုက်ထူထားပြီး သမိုင်းအကျဉ်းကို ဖော်ပြထားပါသည်။၁၃၄၃-ခုနှစ် သီတင်းကျွတ်လဆုတ် (၉)ရက် ကြာသာပတေးနေ့တွင် မိမိအား ရန်ပြုရန်လိုက်သောမြွေအား ကြွက်မှပြန်လည်လိုက်တိုက် သည်ကို ဘုရားဖူးများနှင့် ဂေါပကအဖွဲ့များက တွေ့မြင်ခဲ့ကြသည်ကို အောင်မြင်သော အထိမ်း အမှတ်အဖြစ် ကြွက်-အောင်မြေကျောက်တိုင်အား စိုက်ထူခဲ့ခြင်း ဖြစ်ပါသည်။

အံ့ဖွယ်အောင်မြေ ၆ ဩကာသလောက အောင်မြေ ရှမ်းဘုရား

ဩကာသလောက အောင်မြေ ရှမ်းဘုရား

မဟာအောင်မြေဟု လူသိများကြသည်။အဆိုပါအောင်မြေ၌ နှစ်စဉ် နှစ်ဆန်းတစ်ရက်- နေ့ရောက်တိုင်း ရှမ်းဘုရား(သဲပုံစေတီ)ယာယီတည်ထားပြီး ရှမ်းရိုးရာအကများ၊သိုင်းအကများအလှူပွဲများဖြင့် စည်းကားလျှက် ရှိပါသည်။

အံ့ဖွယ်အောင်မြေ ၇ သင်္ခါရလောကအောင်မြေ

သင်္ခါရလောက အောင်မြေ

သပိတ်တစ်လုံးဆရာတော် ထွက်ရပ်ပေါက် အောင်မြေဟု ခေါ်ဆိုကြသည်။အဆိုပါနေရာတွင် ဦးဘမြင့်+ဒေါ်သန်းညွှန့်တို့အား ရည်စူး၍ သားမောင်လှထွန်း သမီးမခင်ဝင်း မိသားစုဟု ရေးထိုးထားသော သပိတ်တစ်လုံးဆရာတော် ထွက်ရပ်ပေါက်အောင်မြေဂူအား ကောင်းမှု့ဟု ရေနိုင်ပါသည်။

အံ့ဖွယ်အောင်မြေ ၈ သတ္တဟလောက အောင်မြေ

သတ္တဟလောက အောင်မြေ

ရွှေဆံတော်မြတ်ကြီး၏ တနင်္ဂနွေထောင့် မတ်ရပ်ရုပ်ပွားတော်ဖြစ်ပါသည်။ထိုရုပ်ပွားတော် မှာ ရစ်သုံးရစ်ရောင်သုံးရောင်ဘုရားဖြစ်ပြီး သတ္တဝါတို့အား ရင်ဝယ်သားကဲ့သို့ မေတ္တာ ဂရုဏာ ပေးသနားတော်မူဟန် ရောင်တော်မှာ သုံးဆင့်ရှိပြီး ခြေတော်ရင်းသည် သုံးရစ်ပေါ်လွင်စေပြီး ကြည် ညိုဖွယ်ကောင်းသော ကျောက်ဆင်းထု ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်နိုင်ပါသည်။

အံ့ဖွယ်အောင်မြေ ၉ ဩကာသလောကအောင်မြေဓါတ်ပေါင်းစုဘုရား

ဩကာသလောက အောင်မြေ ဓါတ်ပေါင်းစုဘုရား

ရွှေဆံတော်မြတ်ကြီး၏ အထက်ပစ္စယံတွင် တည်ရှိပါသည်။ယခင်က ဂေါပကရုံးခန်း တန်ဆောင်းရှေ့ တိုက်ဂူတန်ဆောင်းတွင် တွေ့ရသည်ဟု သိရပါသည်။ဓါတ်ပေါင်းစုဆိုသည်မှာ- ပဉ္စလောဝါ ပဉ္စငါးပါးဖြင့် စီမံပြုလုပ်သွန်းလောင်းထားသော ကြေးသွန်းရုပ်ပွားတော်ဖြစ်ပေသည်။ ရုပ်ပွားတော်မြတ်ကြီးတွင် အစက်အဝိုင်းများ အရောင်မျိုးစုံထွက်နေပြီး အချိန်နှင့်အမျှ အရောင်ဖူးတွေ့ရလျှက် ရှိပါသည်။သက်ဆိုင်ရာ ဂေါပကများ၏ ခွင့်ပြုချက်ဖြင့် ဖူးမျှော်ပူဇော်နိုင်ပါသည်။

ဖြူသောဘော်ရောင် နီသောဘော်ရောင် ညိုသောဘော်ရောင်ရှိသည်။ ဗုဒ္ဓ မြတ်ဆံတော်ရှင် တွံတေးရွှေဆံတော်ဘုရား၏ထူးခြားအောင်မြေများဖြစ်ပေသည်။တစ်ချိန်ကရတနာ ဘုမ္မိဆရာတော် ဘုရား ဦးကုသလပြောဖူးသည်မှာ အောင် မြေ (၉)ခုအား အစဉ်လိုက် အဓိဌာန် နှင်းလျှက် မိမိကောင်းမှု မကောင်းမှု အဓိဌာန်ပြုပါက ရှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်သည်ဟု ကြားဖူးခဲ့ပါသည်။