ရွှေဆံတော်စေတီတော်မြတ်ကြီး (၁၂) လရာသီပွဲတော်များ

တန်ခူးလပွဲတော်
နှစ်စဥ်အစဥ်လာမပျက်ဗုဒ္ဓပူဇာဓမ္မပူဇာသံဃာ့ပူဇာပွဲများကို(၇)ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။တန်ခူးလပြည့်နေ့တွင်ဗုဒ္ဓဗိသေကအနေကဇာတင်ပူဇော်ပြီးသံဃာတော်များအားဆွမ်းဆန်စိမ်းများလောင်လှူကြသည်။အနယ်နယ်အရပ်ရပ်မှဘုရားဖူးကြွရောက်လာသောဧည့်ပရိတ်သက်များအားစတုဒီသာကျွေးမွေးခြင်းဖြင့်လှူဒါန်းကြပါသည်။

သီတင်းကျွတ်လပွဲတော်
သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲတော်နှင့်မြတ်စွာဘုရားအားမီးထွန်းပူဇော်ပြီး တစ်မြို့နယ်လုံးရှိ သံဃာတော်ရှင်သူမြတ်များနှင့် သာသနာ့အနွယ်ဝင်သီလရှင်ဆရာကြီး ၊ ဆရာလေးများအားရွှေဆံတော်စေတီတော်မြတ်ကြီးခြေတော်ရင်းတွင်မြို့နယ်အတွင်းရှိအလှူရှင်များမှဆွမ်းဆန်စိမ်းများလောင်းလှူကြပါသည်။

ကဆုန်လပွဲတော်
ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိမဟာဗောဓိညောင်ပင်အားညောင်ရေသွန်းပွဲတော်ကျင်းပြုလုပ်ပါသည်။မြို့ပေါ်(၈)ရပ်ကွက်မိသားစုများမှရွှေဆံတော်စေတီတော်မြတ်ကြီးရှိ မင်္ဂလာကန်တော်အတွင်းသို့ငါးလွှတ်ပွဲများကျင်းပကြပါသည်။

တန်ဆောင်တိုင်လပွဲတော်
တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် နှစ်စဥ်အစဥ်လာမပျက် မသိုးသင်္ကန်းများရက်လုပ်ပူဇော်ပြိုင်ပွဲနှင့်သင်္ကန်းများချုပ်လုပ်ပြီးလပြည့်နေ့အာရုဏ်တက်အချိန်တွင် ရွှေဆံတော်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်ကြပါသည်။
နှစ်စဥ်အစဥ်လာမပျက် တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်မှစ၍ ညဦးယံအချိန်ထိနှစ်ကျိတ်ရှစ်ဆူကုန်သောမြတ်စွာဘုးရားတို့အား မြို့ပေါ် (၉) ရပ်ကွက်မှ ရပ်မိ ရပ်ဖများနှင့် ဂေါပကအဖွဲ့ဝင်းများဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ မြို့တွင်းလှည့်လည် အပူဇော်ခံကြပါသည်။

ဝါဆိုလပွဲတော်
ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ဝါဆိုပန်းများဆပ်ကပ်လှူဒါန်းကြပါသည်။ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလပါတ်လုံး ဥပုဒ်သီလပေးတရာတော်နှင့်နေ့အထူးတရားပွဲများအားသီတင်းကျွတ်လအထိ အစဥ်ဆက်မ ပျက်ကျင်းပပြုလုပ်ခဲ့ပါသည်။

နတ်တော်လပွဲတော်
သြဝါဒါစရိယဆရာတော်ကြီးများနှင့်ပရိယတ္တိသာသနာ့ဥပဌာကကုသိုလ်ပြု အဖွဲ့များ ဦးဆောင်၍ မြို့နယ်လုံးဆိုင်ရာပရိယတ္တိ စာအောင်သံဃာတော်များနှင့် စာအောင်သီလရှင်များအား စာအောင်ဘွဲ့နှင်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်နှင့် ပစ္စည်းလေးပါး ပဒေသာပင်များ စာအောင်ဆုများ ပေးအပ်လှူဒါန်းကြပါသည်။