သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး

ဖူးမြော်ရန်နေရာများ

အံ့ဖွယ်အောင်မြေ ( ၉) ဌါန

ကိုးကွယ်ယုံကြည်မှုဆိုင်ရာနေရာများ

စေတီတော်သမိုင်း

သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးသမိုင်းအကျဥ်း

 

တွံတေးမြို့ (ဓမေရုဒ) ကုန်းတော်ရှိ ရွှေဆံတော်စေတီတော်သည် ရှေ့နှစ်ပေါင်း (၂၆ဝဝ) ခန့်ကတည်းက တည်ထားခဲ့သော စေတီတော်ကြီး ဖြစ်သည်။ မြတ်စွာဘုရားသုဝဏ္ဏဘုမ္မိ သထုံသို့ ကြွရောက်စဉ်နုစဉ်အခါ ဆင်မင်းဘဝ၊ သမင်မင်းဘဝက နေထိုင်ကျက်စားခဲ့သော မေရူဒ ကုန်းတော်ပေါ်တွင် ဗျာဒိတ်တော်အရ ကိုးကွယ်ရန် ဆံတော်မြတ်နှစ်ဆူ ကို ပေါက္ခရတီမြို့ ကပင်းသီဟိုရ်ငယ်မှ သုမနထေရ်တိက္ခပညာနှင့် သာဂရပညာတို့အား မဟာသက္ကရာဇ် (၁၁၁) ခုနှစ်၊ သီတင်းကျွတ် လဆန်း (၁၄) ရက် အင်္ဂါနေ့တွင် ပေးသနားခဲ့သည်။ မဟာသက္ကရာဇ် (၁၁၄) ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၅)ရက် တနင်္လာနေ့တွင် သမိန်ထောဗညားရမ်း နှင့် တောင်ညာစံ မိန္ဒာဒေဝီ တို့၏ ဦးဆောင်မှုဖြင့် မေရုဒကုန်းပေါ်၌ စေတီတော်အုတ်မြစ်ချသည်။ မဟာသက္ကရာဇ် (၁၂၃) ခုနှစ် (ခရစ်သက္ကရာဇ် ဘီစီ – ၅၆၉) တန်ခူးလပြည့် စနေနေ့တွင် ထီးတော်တင်လှူခဲ့ပါသည်။ မြတ်စွာဘုရား၏ ဗျာဒိတ်တော်အရ ပူဇော်ရန် ဗညားကောဋေးမင်းမှ တြိယင်္ဂရသေ့ကြီးအား အကူအညီတောင်း၍ သထုံမင်းထံ အလှူခံစေခဲ့ရာ သထုံမှအသျှင် ဥပကပထေရ်ကြီးအမှူး ရှိသော ရဟန္တာ(၇)ပါးတို့က ဆံတော်မြတ်(၄)ဆူ ပင့်ဆောင်လာပြီး သာသနာသက္ကရာဇ်(၂၃၈)ခုနှစ် တပို့တွဲလဆန်း(၃)ရက် သောကြာနေ့ တွင် ထပ်မံဌာပနာသွင်းလှူဒါန်းသဖြင့် ဆံတော်(၆)ဆူ ကိန်းဝပ်ရာ သာရီရ စေတီတော်မြတ်ကြီးလည်း ဖြစ်ပါသည်။ ရွှေတိဂုံစေတီမြတ်ကြီးတွင် ကိုးကွယ်ပူဇော်နေသည့် ဆံတော်ရှစ်ဆူကို ခုနှစ်ရက်တိုင်တိုင် မေရဒကုန်းပေါ်တွင် ကိန်းဝပ်စံပယ် တော်မူခဲ့ခြင်း၊ ဆံတော်ခြောက်ဆူ တို့ကို မူလအစတိုက်တန်ဆောင်းငယ်မှ အစပြု၍ ဌာပနာကိုးကွယ် ပူဇော်ခဲ့ခြင်းကြောင့် သက်တော်ရှည် စေတီတော်မြတ်ကြီးဖြစ်သည်။

ဂဝံပတိရဟန္တာမထေရ် ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ မြတ်စွာ‌ဗုဒ္ဓ(၈)ဝါအရတွင် ဟေမန္တဥတု တန်ဆောင်မုန်းလ၌ မြတ်စွာဘုရား သထုံပြည် သို့ ကြွလာတော်မူစဉ် သထုံပြည် သီရိမာသောကတိဿဓမ္မသီဟရာဇာမင်းကြီးအား ဆံတော်မြတ်(၂)ဆူ ချီးမြှင့်ပေးသနားတော်မူခဲ့ပါသည်။ ၎င်းဆံတော်(၂)ဆူအနက် (၁)ဆူ ကို ဗိုလ်တထောင်စေတီတော်၌ ဌာပနာခဲ့ပြီး စေတီတော်ဟောင်းကို သူရသေနအမတ် ကြီးအား ပြန်လည်ပြုပြင်‌စေ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။

သာသနာတော်နှစ် ၂၃၈ ခုတွင် သီဟိုဠ်ကျွန်းမှ သာသနာပြုကြွတော်မူလာသော အရှင်ယဿ အမှူးရှိသော ရဟန္တာ(၈)ပါးတို့က သန်လျင်ကျွန်း ဘောဂသေန သီဟဒီပ မင်းကြီးအား ဆံတော်(၁၆)ဆူ၊ ဓာတ်တော်(၃၂)ဆူ ချီးမြှင့်ပေးသနားတော်မူခဲ့ပါသည်။ ဘောဂသေန သီဟဒီပမင်းကြီးသည် ဆံတော်ဓာတ်တော်များကို ဘုရားစေတီများ တည်၍ ကိုးကွယ်ပူဇော်ခဲ့ရာ ဆံတော်မြတ်(၁)ဆူ၊ ဓာတ်တော်(၂)ဆူတို့ကို ဗိုလ်တထောင် စေတီတော်ကြီးတွင် ဌာပနာ၍ စေတီတော်ကြီးအား ပြန်လည်ပြုပြင်ပြီး ကိုးကွယ် ပူဇော်ခဲ့ပါသည်။

ရွှေဆံတော်စေတီတော်မြတ်ကြီး (၁၂) လရာသီပွဲတော်များ