တန်းဆောင်းများ

ဗုဒ္ဓစက်တော်ရာတန်ဆောင်း

ရှေးယခင်ကတည်းကတည်ရှိလာခဲ့ပြီး အစဉ်အဆက်ပြုပြင်မွမ်းမံလာခဲ့ကြသည့် ဗုဒ္ဓစက်တော်ရာ တန်ဆောင်းမှာ စေတီတော်၏သောကြာထောင့်အနီးတွင် ပုဂ္ဂိုလ်ထူးအဆောင်များ နှင့်ကပ်လျက် တည်ရှိသည်။ အမည်နှင့်လိုက်ဖက်စွာပင်ဗုဒ္ဓခြေတော်ရာ(စက်တော်ရာ) တစ်ဆူကိုဖူးမျှော်နိုင်ပါသည်။ တန်ဆောင်းထဲတွင် ရပ်တော်မူ၊ လျောင်းတော်မူ၊ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များစွာ ကိုလည်း ဖူးမျှော်နိုင်ပါသည်။ ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဘုရားဖူးများဖြင့် စည်ကားနေ့လေ့ရှိသော တန်ဆောင်းတခုလည်းဖြစ်ပါသည်။