တန်းဆောင်းများ

ဘုရားကြီးကိုးဆူတန်ဆောင်း

ရှေးယခင်ကတည်းကတည်ရှိလာခဲ့ပြီး အစဉ်အဆက်ပြုပြင်မွမ်းမံလာခဲ့ကြသည့် ဘုရားကြီးကိုးဆူ တန်ဆောင်းမှာ သာသနဇောတိကဓမ္မာရုံနှင့်ကပ်လျက် တောင်ဘက်မုခ်ပေါက်၏လက်ယာဘက် ခြမ်းတွင်တည်ရှိပါသည်။ အမည်နှင့်လိုက်ဖက်စွာပင် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး ကိုးဆူကို ကြည်ညိုစွာ ဖူးမျှော်နိုင်ပါသည်။ လေအေးပေးစက်များတပ်ဆင်ထားသဖြင့် ပုတီးစိပ်သူများ တရားအားထုတ်သူများဖြင့် အေးချမ်းဆိတ်ငြိမ်စွာ ဘုရားဖူးများစည်ကား နေလေ့ရှိသော တန်ဆောင်းတခု လည်းဖြစ်ပါသည်။