ဝါဆိုလရာသီပွဲတော်

အသေးစိတ် အချက်အလက်များ

ဝါဆိုလရာသီပွဲတော်
ကရကဋ်ရာသီဖြစ်သည့် ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ကျောင်း၌သာ သီတင်းသုံးပါမည်၊ နေထိုင်ပါမည်ဟုရွတ်ဆိုကတိပြုကြသောဤဝါဆိုလအတွင်း၌ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမွက် သံချို လဝါဆို ဟူသည့်ဝါဆိုလပြည့်နေ့တွင် စေတီတော်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘုရား ပရဝုဏ် အတွင်းရှိ ကျောင်း(၆)ကျောင်းမှ ဆရာတော် သံဃာတော်များကစုပေါင်း၍ ဓမ္မစင်္ကြာအခါ တော်နေ့ကိုဘာသာရေးထုံးတမ်းအစဉ်အလာများနှင့်အညီကျင်းပပါသည်။ ထိုနေ့မှာပင် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲနှင့် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တွင်ဝါဆိုပန်းများကပ်လှူပွဲတို့ကိုကျင်းပပါသည်။