နယုန်လရာသီပွဲတော်

အသေးစိတ် အချက်အလက်များ

နယုန်လရာသီပွဲတော်

မေထုန်ရာသီဖြစ်သည့် ဤလအတွင်း၌ မြတ်စွာဘုရားရှင်က စုရုံးစည်းဝေးလာကြသော နတ်ဗြဟ္မာတို့အား မဟာသမယသုတ်တော်ကို ဟောကြားတော်မူခဲ့သည့်နယုန်လပြည့်နေ့တွင် စေတီတော်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘုရားပရဝုဏ်အတွင်းရှိ ကျောင်း(၆)ကျောင်းမှ ဆရာတော် သံဃာတော်များကစုပေါင်း၍ မဟာသမယအခါတော်နေ့ကို ဘာသာရေးထုံးတမ်း အစဉ်အလာများနှင့် အညီ ကျင်းပပါသည်။