ကြေငြာချက်များ

သတိပြုဖွယ်များ

အသိပေးတားမြစ်ချက်များ
၁။ ဘုရားဖူးလာသူတို့၏ဖိနပ်များကို စေတီတော်ရင်ပြင်တော်ပေါ်သို့ယူဆောင်ခွင့်မပြုပါ၊ မုခ်ပေါက်အဝတွင်ချွတ်ထားခဲ့ခြင်းကိုလည်းခွင့်မပြုပါ။ ဖိနပ်အပ်နှံရန်နေရာတွင်သာအပ်နှံထားကြပါရန်ပန်ကြားပါသည်။
၂။ ကိုးဆူတန်ဆောင်းနှင့်စက်တော်ရာတန်ဆောင်းများအတွင်းအဓိဌာန်ပြုပုတီးစိတ်သူများ၊ တရားအားထုတ်သူများ၊ ပရိတ်ရွတ်သူများအားအနှောက်အယှက်မဖြစ်စေရန်ဆူညံခြင်းမပြုရပါ၊ တိတ်ဆိတ်မှုဖြင့်ကုသိုလ်ယူပါ။
နိုင်ငံခြားသား ဧည့်ဝင်ကြေးကောက်ခံမှု နှုန်းထားများ
၁။ ဗိုလ်တထောင်စေတီတော်မြတ်ကြီးသို့ တက်ရောက်သည့် နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး ၂၀,၀၀၀/- (ကျပ်နှစ်သောင်းတိတိ) ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံရှိ ဗိုလ်တထောင်ကတ် ပြုလုပ်ထားသည့် သံရုံးအမှုထမ်းနိုင်ငံခြားသားများသည် ၁.၁၀.၂၀၂၃ ရက်နေ့မှစ၍ ဗိုလ်တထောင်စေတီတော်သို့ တစ်ကြိမ် တက်ရောက်လျှင် ဧည့်ဝင်ကြေး မြန်မာငွေကျပ် ၁၀,၀၀၀/- တိတိ ဖြစ်ပါသည်။

လှူဒါန်းမှုဆိုင်ရာများ


ရွှေသင်္ကန်းတော်ဆိုင်ရာ
အလှူခံဌာနတွင် ရွှေသင်္ကန်း၊ ဓာတ်မီး၊ ကျောက်ပြား၊ ဘက်စုံ၊ ရေသန့်ခေါင်းစဉ်အလိုက် နှစ်သက်သလိုလှူဒါန်းနိုင်ကြပါသည်။
ရာသီအလိုက်ပွဲတော်ကာလများတွင်လည်း ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ကြပါကြောင်းသီးခြားအသိပေးဆိုင်းဘုတ်များဖြင့်ကြေညာပါသည်။

ပန်းပင်များလှူဒါန်းမှုဆိုင်ရာ
စေတီတော်မြတ်ကြီးအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးဌာနသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

ဆီမီးလှူဒါန်းမှုဆိုင်ရာ
ဆီမီးခွက်များကို တစ်ခွက်လျှင် ၁၀၀/-ကျပ်နှုန်းဖြင့် အနည်းဆုံး ခွက်ရေ ၅၀၀မှစ၍ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
အထက်ပစ္စယံမီးတိုင် (၁၆)တိုင် = ၅၀၀၀ကျပ်
ရင်ပြင်တော် Aerial Mast မီးတိုင် (၅)တိုင် = ၅၀၀၀ကျပ်

ဧည့်လမ်းညွှန်ဆိုင်ရာ

ရွှေဘုန်းပွင့်ဘုရား ဧည့်လမ်းညွှန်ဆိုင်ရာ
ရပ်ကွက်အတွင်းတည်ရှိသောစေတီတော်တစ်ဆူသာဖြစ်ပြီး၊ ပရဝုဏိဧရိယာမှာ များစွာကျယ်ဝန်းခြင်းမရှိပါသဖြင့် သီးခြားလမ်းညွှန်ဆိုင်းဘုတ်များထားရှိညွှန်ပြခြင်းမရှိပါ