တပေါင်းလရာသီပွဲတော် အသေးစိတ် အချက်အလက်များ တပေါင်းလရာသီပွဲတော် မိန်ရာသီ လတပေါင်းဟူသည်ထန်းဖိုပင်မှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသော သီးနုရည်တို့အား ပေါင်းစပ်ကျိုချက်သည့်လဟူ၏။ ဤရာသီတွင်ပွင့်သည့်အင်ကြင်းပန်းတို့သည်ဘုရားရှင်၏ဖြစ်တော်စဉ် ဘဝအစပြုရာ၊ ပရိနိဗ္ဗာန်စံဝင်ရာသင်္ကေတများပင်ဖြစ်၏။ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလပြည့်နေ့တွင်ကျင်းပလေ့ရှိပြီး၊ မြို့နယ်အတွင်းရှိအမှတ်(၇) (ဂ) (၉) (၁၀)ရပ်ကွက်များသို့ လှည့်လည်ပြီးဆွမ်းဆန်တော်လောင်းလှူပွဲကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါသည်။