သီတင်းကျွတ်လရာသီပွဲတော်

အသေးစိတ် အချက်အလက်များ

သီတင်းကျွတ်လရာသီပွဲတော်
တူရာသီဖြစ်သည့် ရဟန်းတော်များ သီတင်းသီလဆောက်တည်နေရာမှ ကျွတ်လွတ်သောဤသီတင်းကျွတ် လပြည့်နေ့၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားနှင့် ရဟန်းတော်များ စိတ်ဝမ်းကွဲပြားမှုကိုဖြေဖျောက်ရန်၊ တဦးနှင့်တဦး အကျင့်သိက္ခာစင်ကြယ်ခြင်းအတွက် သံသယရှင်းစေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် မြတ်စွာဘုရားရှင်က ပညတ်တော်မူခဲ့သည့် ပဝါရဏာပွဲတို့ကို စေတီတော်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ဘုရားပရဝုဏ်အတွင်းရှိ ကျောင်း(၆)ကျောင်းမှဆရာတော်သံဃာတော်များ စုပေါင်း၍ ဘာသာရေးထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပပါသည်။ ဘုရားရှင်ကတာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားဟောကြားမှု ပြီးမြောက်ပြီး၍ လူ့ပြည်သို့ပြန်ကြွလာချိန်တွင် ဆီမီးတန်ဆောင်တို့ ထွန်းညှိ ကြိုဆိုပူဇော်ခဲ့ပုံကို အကြောင်းပြုပြီး မီးပုံး မီးပန်း ဆီမီးတန်းတို့ဖြင့်သီတင်းကျွတ်ဆီမီးပူဇော်ပွဲကြီးကို အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော်(၁)ရက်နေ့ (၃)ရက်တိုင်ကျင်းပပါသည်။