တန်းဆောင်းများ

သာသနာ့ဇောတိက ဓမ္မာရုံ

စေတီရင်ပြင်တွင်ရှေးယခင်ကတည်းက တနင်္ဂနွေထောင့်နှင့် တနင်္လာထောင့်အကြား၌တည်ရှိပြီး ၁၃၁၃ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည့် အာရုံခံတန်ဆောင်းကြီးကို ၂၀၀၁ခုနှစ်ဇူလိုင်လ တွင် ထိုစဉ်ကနိုင်ငံတော်အကြီးအကဲက စေတီတော်ဖူးမျှော်ရာတွင် ကွယ်သယောင်ဖြစ်နေခြင်း၊ နေရာယူမှုမှားသဖြင့် ရင်ပြင်တော်နေရာကျဉ်းနေခြင်း တို့ကြောင့် ဖျက်သိမ်းစေခဲ့ပြီး ၂၀၀၁ခုနှစ် အောက်တာဘာလ မှစ၍ အလျားပေ(၇၀) အနံ(၃၅)ပေ ရှိသော သာသနဇောတိက ဓမ္မာရုံအသစ်ကြီးကို ပင်မမုခ်ပေါက်နှင့်တည့်တည့်နေရာတွင်တည်ဆောက်စေခဲ့သည်။ မြန်မာမှုလက်ရာများစွာထည့်သွင်း တည်ဆောက်ထားသည့်အပြင် အလျား(၆)ပေ အနံ(၃)ပေစီရှိသော ရွှေဘုန်းပွင့်ဘုရားသမိုင်းဖြစ်စဉ်နှင့် ပန်းချီကားကြီးများကိုလည်း လှပတင့်တယ်စွာချိတ်ဆွဲထားရှိသည်။ ယခင် အာရုံခံတန်ဆောင်း ထဲတွင်ပူဇော်ထားရှိသည့် ရှေးဟောင်းထိုင်တော်မူရုပ်ပွားတော်ကြီး(၃)ဆူကို သာသနဇောတိက ဓမ္မာရုံကြီး ထဲသို့ပြောင်းရွှေ့ပင့်ဆောင်ပူဇော်ထားရှိပါသည်။ နှစ်စဉ်မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ ကျင်းပ ရာနေရာလည်းဖြစ်ပါသည်။