ဘုရားစေတီအမည်

စေတီတော်ကြီး၏ အသေးစိတ် အချက်အလက်များ

(က) စေတီတော်ကြီး

၁၂၇၄ ခုနှစ် ခန့်က မထင်မရှားဘုရားငုတ်တိုအဖြစ်သာရှိသေးပြီး၊ ဝတ္တကတံတိုင်းအဟောင်းမှာ အရံပင်မရှိသေးဘဲဘုန်းတော်ကြီး ကျောင်း(၅)ကျောင်းသာရှိသေးသည်။ ၁၂၉၆ခုနှစ် ပြာသိုလဆန်း (၆)ရက်နေ့သည် ဘုရားပွဲတော်စတင်ကျင်းပသည့် နေ့ဖြစ်ပြီး နောင်တွင် တပေါင်း လ၌ပြောင်းလဲကျင်းပခဲ့ရာ ယခုတိုင်ပင်ဖြစ်ပါသည်။ ရင်ပြင်တော်ကျောက်ပြားခင်းခြင်းကိုလည်း ၁၂၉၇ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ၁၃၁၀ပြည့်နှစ်တွင်ပြီးစီးခဲ့သည်။

စေတီတော်၏ ဉာဏ်တော်အမြင့်ပေ(၁၀၀)နှင့်(၆)လက်မဖြစ်ပြီး၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်၏ အမြင့်မှာ (၅)ပေ (၆)လက်မ၊ ထီးတော်၏ အမြင့်မှာ (၁၄)ပေ(၄)လက်မ၊ ငှက်ပျော်ဖူးတော်၏ အမြင့်မှာ(၁၁)ပေ(၂)လက်မဖြစ်သည်။ စိန်ဖူးတော်သည် သပိတ်လုံးအဝ(၇)လက်မ၊ အမြင့်(၂၇)လက်မ၊ ရွှေချိန်(၁၀၉)ကျပ်(၈)ပဲရှိပြီး၊ ငှက်မြတ်နားတော်မှာ နှစ်ဖက်လှအလျား(၂၇)လက်မ၊ အနံ(၁၄)လက်မ ရွှေချိန်(၂၁၅)ကျပ်(၈)ပဲ ရှိသည်။ စေတီအမှတ်(၂၅) ဆုတောင်းပြည့် အောင်စေတီအပါအဝင် အရံစေတီပေါင်း (၁၆)ဆူပါဝင်တည်ရှိသည်။