ရွှေဘုန်းပွင့်စေတီတော် သမိုင်း
တပုဿနှင့်ဘလ္လိကညီနောင်နှစ်ဦးတို့က ပင့်ဆောင်လာသောဆံတော်(၈)ဆူ တင်ဆောင်လာသည့် ဆင်တော်ရတနာသည် လမ်းခုလတ်ကျွန်းကုန်းကလေးဖြစ်နေသည့် ကျင်းပြဲခေါ်တွင်သည့်အရပ်၌ မြေတွင် ဝပ်၍ရပ်နားရာနေရာကို ဥက္ကလာပမင်းကြီးက သာသနာ၏အထိမ်းအမှတ်အဖြစ် ကျောက်တိုင် စိုက်ထူခဲ့ပြီး နောင်အခါကျောက်တိုင်နေရာ၌ စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့ကြရာ ရွှေကြုတ်ဖွင့် စေတီ ဟုအမည်တွင်ခဲ့သည်။ ထို့နောက်ရာမညတိုင်း မွန်မင်းအဆက်ဆက်နှင့် သူဌေးသူကြွယ်၊ ဥပဿကာများ ကအစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။

ဖူးမြော်ကြည်ညိုရမည့်နေရာများ


သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များ

ထူးခြားဖြစ်စဉ် ၁
ထူးခြားဖြစ်စဉ် ၁
ထူးခြားဖြစ်စဉ် ၂
ထူးခြားဖြစ်စဉ် ၃
ထူးခြားဖြစ်စဉ် (၁)
၁၉၂၈ ခုနှစ် မိုးရာသီတွင်အင်္ဂတေများအက်ကွဲပျက်စီးနေကြောင်း မနောမယဆရာတော်ကြီးကြား သိရသဖြင့်၊ ဂေါပကလူကြီးများနှင့်ဆွေးနွေးကာ စေတီတော်ကိုငုံ၍အသစ်ပြန်လည်တည်ခဲ့စဉ်ကဆရာ တော်ကြီးသည် စေတီတော်၏ငှက်မြတ်နားတွင် ဓာတ်သားဝိဇ္ဇာဇော်ဂျီရုပ်ထုတစ်ခုကို ထည့်သွင်းလှူဒါန်းခဲ့ပြီး၊ ယင်းကာလကလက်ရာနှင့်တကွတန်ဖိုးမှာ ကျပ်နှစ်ရာခန့်သာရှိသည်ဆိုပါသည်။ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်ခန့်က ထိုဝိဇ္ဇာရုပ်တုနှင့် ကျောက်မျက်ရတနာများကို ဂေါပကအဖွဲ့က စစ်ဆေးအရောင်တင်ချိန်တွင် ခြေထောက်အောက်ပိုင်းနှစ်ဖက်မှာ မူလဓာတ်သားအတိုင်းပင် ရှိနေသော်လည်း တစ်ကိုယ်လုံးမှာမူ အံ့သြဖွယ်ရာရွှေသားစင်စစ် ဖြစ်သွားကြောင်း၊ ဂေါပကအဖွဲ့ အဆက်ဆက်ကမှတ်တမ်းပြုခဲ့ကြပါသည်။
ထူးခြားဖြစ်စဉ် (၂)
၁၉၃၈ ခုနှစ်ခန့်တွင် စေတီရံများတည်ကြရာ၊ အရှေ့မုခ်ရှိစေတီရံတစ်ဆူမှာ အလှူရှင်မရှိဖြစ်နေခိုက်၊ မူလိယပ္ပ၏ သမီးဆိုသူ အမျိုးသမီးကြီးရောက်လာပြီး အိပ်မက်အရလာရောက်၍ ယင်းနေရာအတွက်အရံ စေတီကိုလှူဒါန်းပါသည်။ ထိုစေတီမှာ အခြားစေတီရံတို့ထက်ကြီးသောဆုတောင်းပြည့်စေတီပင်ဖြစ်ပါသည်။
ထူးခြားဖြစ်စဉ် (၃)
ဒုတိယကမ္ဘာစစ်မဖြစ်မီကာလတွင် လျှပ်စစ်မီးပန်းများဖြာထွက်နေသကဲ့သို့ ရောင်စုံများလင်းထိန်၍ ရောင်ခြည်တော်များ ထူးခြားစွာလွှတ်ခဲ့သည်ဟုဆိုပါသည်။ ဝိုင်းစက်နေသည့် အလင်းရောင်ကြီးသည် ထီးတော်တွင်ဖြာနေသည် ဟုဆိုပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစကာလတွင်လည်း စေတီတော်ကြီးမှအထက်ပါအတိုင်းပင် အလင်းရောင် များဖြာလျက် ရောင်ခြည်တော်များဝင်းထိန်နေသည်ကိုဖူးတွေ့ကြရသည်ဟုဆိုပါသည်။
၁၉၈၂ ခုနှစ် စက်တင်ဘာလတွင်စေတီတော်ကြီး၏ အရိပ်တော်များကောင်းကင်ယံ၌ ပုံသဏ္ဍန် အကြီးအသေး အမျိုးမျိုး ငါးညတိုင်တိုင်ပေါ်ထွန်းခဲ့ပါသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများစွာလာ ရောက်ဖူးမြော်ကြသည်ဟု ဆိုပါသည်။

မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု
