တန်ဆောင်မုန်းလ
အသေးစိတ် အချက်အလက်များ
တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်အား နံနက်ပိုင်းတွင် စွယ်တော်မြတ်စေတီနှင့် မုဒြာဘုရား (၉)ဆူအား ဆွမ်း၊ သစ်သီးများ ဆက်ကပ်လှူဒါန်းခြင်း၊ ဂန္ဓကုဋိတိုက်အတွင်း မုဒြာဘုရား (၉)ဆူအား ရွှေကြာသင်္ကန်းဆက်ကပ်ခြင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဘုရားအနေကဇာတင်ခြင်း၊ ဆရာတော်ကြီးများထံမှ (၉)ပါး သီလခံယူခြင်း၊ တရားနာယူခြင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ညပိုင်း တွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်း အစရှိသည်တို့ကို ကျင်းပပြုလုပ်ခြင်း။




