စွယ်တော်မြတ်စေတီတော်

အသေးစိတ် အချက်အလက်များ

 

ဈာန မုဒြာ

  (ဈာန = ဈာန်သမာပတ်)

  ဈာန်သမာပတ်ဝင်စားခြင်း၊ တရားအားထုတ်ခြင်း လက်တော်ဟန်ဖြစ်ပါသည်။

  ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် တည်ကြည်ငြိမ်သက်ခြင်း၊ ဓာတ်သဘောအပြည့်အဝရရှိခြင်း၊ စိတ်ဝေဒနာသောကပရိဒေဝ ကင်းငြိမ်းခြင်း၊ ဉာဏ်ပညာတိုးတက် ပွင့်လင်းခြင်း၊ တရားထူးကို ရရှိလွယ်ခြင်း၊ သမထပေါက်လွယ်ခြင်း၊ ထွက်ရပ်ပေါက်လွယ်ခြင်း၊ သိဒ္ဓိပြီးခြင်း၊ မကောင်းကျိုးဟူသမျှ လောင်ကျွမ်းချုပ်ပျောက်သွားခြင်း စသော အကျိုးထူးများရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းများ၌ ပြဆိုပါသည်။

  ရာဟုနံ၊ အနောက်မြောက်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။