စွယ်တော်မြတ်စေတီတော် အသေးစိတ် အချက်အလက်များ ဥတ္တရဗောဓိ မုဒြာ (ဥတ္တရ = အမြတ် + ဗောဓိ = ဉာဏ်တော်) ဉာဏ်တော် အထွတ် အမြတ်ရောက်ကာ ပွင့်တော်မူပုံ လက်တော်ဟန်ဖြစ်ပါသည်။ ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် ဉာဏ်ပညာကောင်းခြင်း၊ စာမေးပွဲ စာပြန်ပွဲတို့၌ အဟန့်အတားမရှိ အောင်မြင်ခြင်း၊ အကျိုးထူးများ ရရှိနိုင်သည်ဟု တန္ထရာယာနကျမ်းများ၌ ပြဆိုပါသည်။ ဗုဒ္ဓဟူးနံ၊ တောင်အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။