မင်္ဂလာကန်တော်
မှတ်တမ်းဓာတ်ပုံများ
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါကုန်းမြေ၌တည်ထားတော်မူသော စွယ်တော်မြတ်စေတီ တော်တွင် “မင်္ဂလာကန်တော်” ဟူ၍ အမည်နာမသမုတ်လျက် ကန်တော်တစ်ခုကို တည်တော်မူကြသည်။
စွယ်တော်မြတ်စေတီ ကန်တော်မင်္ဂလာကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ဆည်မြောင်းဦးစီးဌာန တာဝန်ယူတည်ဆောက်သည်။ စေတီတော်၏ အနောက်ဘက်တွင် တည်ဆောက်ခြင်း ဖြစ်သည်။
မူလရှိ ပထမကန်ငယ်နှင့် ဒုတိယကန်ငယ်ကို အသုံးမပြုဘဲ တတိယပင်မကန်ကြီးကို လက်ရှိကန်ပေါင် ပေ ၈ဝဝ မှ ကန်ပေါင်အလျား ၂၇၅ဝ ပေအထိ တိုးချဲ့ပြီး တာထိပ်ဝအကျယ် ၂၂ ပေရှည်သော တာပေါင်ပတ်၍ မြေသားများ တူးဖော်ဆယ်ယူခြင်းဖြင့် တင့်တယ်လှပသည့် ကန်တော်အဖြစ် တည်ဆောက်သည်။မင်္ဂလာကန်တော်ကို ၁၉၉၅ ခုနှစ်၊ ဧပြီလတွင် အင်ဂျင်နီယာ ၁ဝ ဦးဖြင့် ကြီးကြပ်ကာ လုပ်သားအင်အား (၁၂၃၆ဝ) ဖြင့် စတင်တည်ဆောက်သည်။ အလုပ်ချိန် နာရီပေါင်း ၆၇၄၀ ကြာမြင့်သည်။၁၉၉၆ ခုနှစ်၊ ဇွန်လတွင် “မင်္ဂလာကန်တော်” ဟူသော အမည်နှင့် လျော်ညီစွာ ခံ့ညားထည်ဝါ၍ သန့်ရှင်းသပ်ရပ်လှပသော ကန်တော်ကြီးကို အပြီးတည်ဆောက်ခဲ့သည်။









