ဂေါပကရုံးအဖွဲ့ဖွဲ့စည်းပုံ
ဂေါပကအဖွဲ့ဝင်နှင့် ဝန်ထမ်းများဖွဲ့စည်းမှုအခြေအနေ
(က) ဝရဒါဌာ ဓါတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ၏ ဂေါပကအဖွဲ့ စည်းမျဉ်းအခန်း (၃)၊ အပိုဒ် (၁၀)နှင့်အညီ ဖွဲ့စည်းထားရှိခဲ့သော ဂေါပက အဖွဲ့တွင် စည်းမျဉ်းအခန်း (၆)၊ အပိုဒ် (၁၇)အရ သာသနာရေးဝန်ကြီး ဌာနမှ လက်ရှိဂေါပကအဖွဲ့ဝင် (၉)ဦးဖြင့် ခန့်ထားခဲ့ရာ အောက်ပါပုဂ္ဂိုလ် များမှ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
(ခ) အစီရင်ခံသည့် ကာလအထိ ဖွဲ့စည်းပုံနှင့်အညီခွင့်ပြုခန့်ထားသည့် ဝန်ထမ်း (၇၁)ဦးရှိပြီး အမျိုးသားဝန်ထမ်း (၃၅)ဦးနှင့် အမျိုးသမီးဝန်ထမ်း (၃၆)ဦးရှိပါ သည်။ယင်းဝန်ထမ်းများအနေဖြင့် ရုံးတာဝန်ထမ်းဆောင်သည့် ဝန်ထမ်း များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၊ အလှူခံတာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းများ၊ သောက်သုံးရေ/လျှပ်စစ်မီး/စိမ်းလန်းစိုပြေ သန့်ရှင်းရေး တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၊ အထွေထွေနှင့် သန့်ရှင်း ရေးတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိပါသည်။ သီးခြားလုပ်ငန်းများအတွက် ဆောင်ရွက်ရန်ရှိပါက သီးခြား/နေ့စားပုတ်ပြတ်ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ပါသည်။
