ကြေငြာချက်များ
သတိပြုဖွယ်များ
အသိပေးတားမြစ်ချက်များ
စွယ်တော်မြတ်စေတီတော်သို့ ဘုရားဖူးမိဘပြည်သူ သူတော်ကောင်း အပေါင်းတို့ – စွယ်တော်မြတ် စေတီတော် ရင်ပြင်ပတ်လည်ရှိ အုတ်တံတိုင်းများ၊ ကားပတ်လမ်းမှ ရင်ပြင်ပေါ်သို့ တက်ရောက်သော လှေကား အတက်/အဆင်း၊ ဘယ်/ညာ ရှိ သရက်ကင်းလှေကားများ၊ ရင်ပြင်မှ ဂန္ဓကုဋိတိုက်သို့ တက်ရောက်သော အတက်/အဆင်း၊ ဘယ်/ညာရှိ မကာရ်းရုပ်ထုများ၊ ခြင်္သေ့ရုပ်ထုများကို ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှင့် ပွင့်လင်းရာသီ၌ ဂေါပကအဖွဲ့မှ တန်ဖိုးကြီး (အကောင်းစား) ဆေးများဖြင့် ဆေးသုတ် အရောင်တင်ထားပါသည်။ ဘုရားဖူးပြည်သူများအနေဖြင့် မိမိတို့ နှင့်အတူပါလာသော ကလေးငယ်များအား ၎င်းဆေးသုတ်ထားသော နေရာများသို့ တက်ရောက်ဆော့ကစားခြင်း မပြုရန် အထူး ကြပ်မတ်ပေးကြရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)
နိုင်ငံခြားသား ဧည့်ဝင်ကြေးကောက်ခံမှု နှုန်းထားများ
၁။ စွယ်တော်မြတ်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး ၅,၀၀၀/- (ကျပ်ငါးထောင်တိတိ) ဖြစ်ပါသည်။
လှူဒါန်းမှုဆိုင်ရာများ

ရေများလှူဒါန်းမှုဆိုင်ရာ
စွယ်တော်မြတ်စေတီတော် (ရန်ကုန်)ဝင်းအတွင်းသို့ ရေပေးဝေလျက်ရှိသော စည်ပင်ရေပိုက် 6″ØGIသည် သက်တမ်းကြာမြင့်၍ ပျက်စီးနေပါသဖြင့် 160mmØ HDPE ရေပိုက်များဖြင့် အစားထိုး ရေသွယ်ယူမည်ဖြစ်ပါသည်။ - ရေလမ်းကြောင်း အကွာအဝေးမှာ 630m (ပေ ၂ဝဝဝ ကျော်)ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁)ရပ်ကွက် ရေတွန်းစက်မှ မရမ်းကုန်းမြို့ နယ်၊ အမှတ် (၅)ရပ်ကွက် စေတီတော်ဝင်းအတွင်းသို့ သွယ်ယူမည်ဖြစ်ပါသည်။ - ယင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အပ်နှံ ခြင်းအတွက် ကုန်ကျငွေကျပ် ၈၄,၈၁၂,ဝ၁၆/- (ကျပ်ရှစ်ရာလေးဆယ့်ရှစ်သိန်းတစ်သောင်းနှစ်ထောင် တစ်ဆယ့်ခြောက်တိတိ)ဖြစ်ပါ၍ ဘုရားဖူးလာ ပြည်သူအများမှ သဒ္ဓါတတ်အားနည်းများမဆို ရေကုသိုလ် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၏ ဂန္ဓကုဋိတိုက်အတွင်းဗုဒ္ဓဝင်းကတော်များနှင့်စေတီတော်ကြီးအား လျှပ်စစ်မီးပူဇော်နိုင်ရန်ကုန်ကျမည့်လှူဒါန်းငွေမှာ ၁ – နာရီလျှင် – ၉၅၀ ကျပ် ၁ – ရက်လျှင် – ၂၂၀၀ ကျပ် ၁ – ပတ်လျှင် – ၁၅၂၀၀ဝ/- ၁ – လလျှင် – ၆၅၀၀၀ဝ/- စေတနာရှင်များ လှူဒါန်း၊ပူဇော်နိုင်ရန် နှိုးဆော်အပ်ပါသည်။
ဧည့်လမ်းညွှန်ဆိုင်ရာ
စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၏ ပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်
- စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၏ ဗောဓိကွင်း အတွင်း၌ ပွင့်တော်မူရာ ဗုဒ္ဓမြတ်စွာဘုရားများ၏ ပွင့်တော်မူသည့် ဗောဓိပင်များ ကို စိုက်ပျိုးပြုစုထားပါသည်။အဆိုပါ ဗောဓိပင်များအနက် ဗောဓိညောင်ပင်များကို ကြည်ညိုသဒ္ဓါပွားများနိုင်ရန်အတွက် အလှူရှင်များ၏ ဆန္ဒအရ ပလ္လင်တော် များကို ပြုပြင်မွမ်းမံထားခဲ့ပြီး အများပြည်သူ ဘုရားဖူးများ အဓိဋ္ဌာန် ပြုလျက် ရှိပါသည်။ အဆိုပါ ဗောဓိကွင်းအတွင်း ဝင်ရောက် ကြည်ညို သဒ္ဓါပွားများလိုသူ အလှူရှင်များ အနေဖြင့် အောက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းအသိပေး ပန်ကြားပါသည်။
-ဗောဓိကွင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန်အတွက် မိမိတို့ယူဆောင်လာသည့် လှူဖွယ်ပစ္စည်းများနှင့် အစားအသောက်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းရန်လိုအပ်သဖြင့် သက်ဆိုင်ရာ အမှိုက်ပုံး များတွင် စနစ်တကျ စွန့်ပစ်ရန်။
- ဗောဓိကွင်းအတွင်း ဝင်ရောက်၍ အဓိဋ္ဌာန်ဝင်နေသည့် ဘုရားဖူးများကို အမြင်မသင့်တော်စေမှု နှင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် အပြုအမူများအား အတွဲ(စုံတွဲ)များမှ ပြုမူနေထိုင်ခြင်း မပြုရန်။
- ကြည်ညို သဒ္ဓါပွားများသူကို အနှောင့်အယှက် ဖြစ်စေမည့် ပြုမူနေထိုင် ဆောင်ရွက်ခြင်းမပြုရန်။
အများပြည်သူ ဘုရားဖူးများ၊ ကြည်ညိုသဒ္ဓါပွား သူများအနေဖြင့် ဗောဓိကွင်းစိမ်းလန်းစိုပြည်နိုင်ရေးအတွက် သဒ္ဓါတရားအရ အလှူငွေများကို ဂေါပကရုံး၌လည်းကောင်း၊ ဗောဓိကွင်းတွင် ထားရှိသော အလှူခံပုံးများ၌လည်းကောင်း ထည့်ဝင်လှူဒါန်းသွားကြရန်။
