ညောင်ဇောက်ထိုး

မှတ်တမ်းဓာတ်ပုံများ

၁၉၄၈-ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၃၁၀-ခုနှစ်၊ ဝါဆိုလဆန်း ၈-ရက် ကြာသပတေးနေ့နံနက်၌ ဘိုးတော် ဦးအောင်ချမ်းသာနှင့် ဆရာတော်တစ်ပါး တရားဆွေးနွေး နေတုန်း ဆာဒူးကြီးတစ်ယောက်ရောက်လာပြီး ညောင်ပင်တစ်ပင်လာလှူပါသည်။ ဆာဒူးကြီးကား ညောင်ပင်ကို အိန္ဒိယပြည် ဗုဒ္ဓဂယာက လာလှူသည်ဟုပန်ကြားပါသည်။

ထို့နောက် မိမိနိုင်ငံအား ကျူးကျော်လာတဲ့ တိုင်းတစ်ပါးသားများအား ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး နောက်ထပ်သူ့ကျွန်မဖြစ်စေလိုသောကြောင့်ဆုတောင်းများပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ညောင်ပင်ကို မြေမှာဇောက်ထိုးစိုက်ပြီး စိုက်ပျိုးခဲ့ပါသည်။