စွယ်တော်မြတ်စေတီတော်

အသေးစိတ် အချက်အလက်များ

 

ဓမ္မစက္က မုဒြာ

  (ဓမ္မ = တရား + စက္က = စက်)

 တရားဦး ဓမ္မစကြာဟောတော်မူရာတွင် တရားလှည်းဘီး စက်လှည့်၍လည်စေပုံ လက်တော်ဟန်ဖြစ်ပါသည်။

 ဤပုံတော်ကို ကိုးကွယ်ခြင်းအားဖြင့် တရားထူးကို ရရှိခြင်း၊ ဉာဏ်ပညာထွန်းကားတိုးတက်ခြင်း၊ အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း၊ ယုံမှား သံသယကင်းရှင်းခြင်း၊ သိဒ္ဓိအမျိုးမျိုး ပြီးစီးပြည့်စုံခြင်း၊ တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်း စသော အကျိုးထူးများရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းများ၌ ပြဆိုပါသည်။

 တနင်္လာနံ၊ အရှေ့အရပ်သို့ မျက်နှာမူစံပယ်လျက်ရှိသည်။