ရှေးဟောင်းခုနှစ်ဆူဘုရား

အသေးစိတ် အချက်အလက်များ

တောင်ဥက္ကလာပမြို့နယ်၏ နယ်နိမိတ်အတွင်းပါဝင်သော ငမိုးရိပ်ချောင်း လက်ယာကမ်း ဘက်ရှိ မြင်သာရွာကြီး၏ ရွာဦးရွာကမ်းဘက်တွင် ခုနစ်ဆူရုပ်ပွားတော်များမှာ ရှေးရာမညတိုင်း ဟံသာဝတီမင်းများ လက်ထက်ကပင် တည်ရှိခဲ့သော ဘုရားစေတီများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ၎င်းမြင်သာရွာသားတို့ကလည်း ဗုဒ္ဓဘာသာဝင် မွန်လူမျိုးစုများ ဖြစ်ကြသည့်အတိုင်း  ဗုဒ္ဓရုပ်ပွားတော် ခုနစ်ဆူတို့ကို တည်ထား၍ အစဉ်ကိုးကွယ်လာကြဟန်ရှိသည်။ခုနစ်ဆူရုပ်ပွားတော်များ ကလည်း အာဋာနာဋိယသုတ်တော်လာ ဘုရားခုနစ်ဆူပင်ဖြစ်ရာ ဝိပဿီဘုရား၊ သိခီဘုရား၊ ဝေဿဘူ ဘုရား၊ ကကုသန္ဓဘုရား၊ ကောဏာဂမနဘုရား၊ ကဿပဘုရားနှင့် ဂေါတမဘုရားတို့၏ ပုံတော်များပင် ဖြစ်ပါသည်။၁၉၈၆ ခုနှစ်တွင် မူလခုနစ်ဆူဘုရားကိုယ်စားပြု မတ်ရပ်ဆင်းတုတော်ခုနစ်ဆူကို ထုလုပ်ပြီး မြို့နယ်အတွင်းလှည့်လည် အပူဇော်ခံလျက်ရှိသည်။ရှေးဟောင်းခုနစ်ဆူဘုရား ဂန္ဓကုဋိတိုက်ကြီး (အလျား ပေ ၆ဝ _ အနံ ပေ ၃ဝ)ကို မြန်မာ့ ယဉ်ကျေးမှု ပန်းဆယ်မျိုးနှင့် ကြည်ညိုဖွယ်ရာအဖြစ် ၁၉၈၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့  နံနက် ၉ နာရီတွင် ပန္နက်တင်တည်ဆောက်ခဲ့သည်။၂၀.၆.၂၀၂၃ ရက်နေ့တွင် ရှေးဟောင်းခုနစ်ဆူဘုရားများအား မွမ်းမံပြင်ဆင် ရောင်တော်ဖွင့်ခဲ့ပါ သည်။

ရှေးဟောင်းခုနစ်ဆူဘုရား ဂန္ဓကုဋိတိုက်ကြီး

မူလခုနှစ်ဆူဘုရားကိုယ်စားပြုမတ်ရပ်ဆင်းတုတော်ခုနှစ်ဆူ