‌အောင်တော်မူ‌စေတီ

               ရွာဦးရွာကမ်းဘက်တွင် ခုနစ်ဆူရုပ်ပွားတော်များနှင့် ဉာဏ်တော်ကိုးတောင် ခန့်ရှိသော အောင်တော်မူရှေးဟောင်းစေတီငယ်တစ်ဆူမှာ ရှေးရာမညတိုင်း ဟံသာဝတီမင်းများ လက်ထက်ကပင် တည်ရှိခဲ့သော ဘုရားစေတီများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ၎င်းမြင်သာရွာသားတို့ကလည်း ဗုဒ္ဓဘာသာဝင် မွန်လူမျိုးစုများ ဖြစ်ကြသည့်အတိုင်း ကိုးတောင်ပြည့် အောင်တော်မူစေတီနှင့် ဗုဒ္ဓရုပ်ပွားတော် ခုနစ်ဆူတို့ကို တည်ထား၍ အစဉ်ကိုးကွယ်လာကြဟန်ရှိသည်။ အောင်တော်မူစေတီတော်မြတ် ရှေးဟောင်းဖြစ်ကြောင်း သာဓကအနေဖြင့် စေတီတော်တည်ရာ၌ အသုံးပြုသော အုတ်ချပ်ကြီးများက ပြသ၍နေပေသည်။ ယင်းအုတ်ချပ်ကြီးများမှာ အလျား ၁ဝ”၊အနံ ၅”နှင့် ထု ၂” ရှိသော ရှေးဟံသာဝတီခေတ်သုံး အုတ်ချပ်ကြီးများဖြစ်သည်။ ၂.၃.၂၀၂၃ ရက်နေ့တွင် ရှေးဟောင်းခုနစ်ဆူဘုရားဝင်းအရှေ့ဘက်ရှိ ဉာဏ်တော် ၂၂ တောင် မြင့်သည့် “အောင်တော်မူစေတီ“အား လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ခြင်းနှင့်စိန်ဖူးတော်၊ ထီးတော်တို့ကို အထွတ်တင်မင်္ဂလာကျင်းပနိုင်ခဲ့ပါသည်။

အောင်တော်မူလုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းမှတ်တမ်း