သာသနာတော်ထွန်းကားမှု
ခေတ်အဆက်ဆက်သာသနာတော်ထွန်းကားလာမှု

ငါးထပ်ကြီးဘုရားကြီးကို ဩဝါဒစရိယဆရာတော်ကြီးများ၏လမ်းညွှန်ချက်များနှင့်အညီ ဂေါပကအဖွဲ့ဝင်များနှင့် အများပြည်သူတို့၏ ကောင်းမှုတော်များဖြင့် ခေတ်အဆက်ဆက်သာသနာတော်ထွန်းကားပြန့်ပွားလာအောင်ဆောင်ရွက်ခဲ့ကြသည်။
ဟံသာဝတီ ဂိုဏ်းအုပ်ဆရာတော်ကြီးနှင့် ယာယီဂေါပကအဖွဲ့၏ ကောင်းမှုတော်
မြန်မာသက္ကရဇ်(၁၂၆၂) ခရဇ်သက္ကရဇ် (၁၉၀)ခုနှစ်တွင် ဟံသာဝတီ ဂိုဏ်းအုပ်ဆရာတော်ကြီး ဦးအာသဘ(အဂ္ဂမဟာမဏ္ဍိတ) လက်ထက်၌ဉာဏ်တော်(၅၉)ဆပရှိ ငါးထပ်ကြီးဘုရားရုပ်ပွယးတော်ကြီးကို ဘုရားဒါယကါ ဦးဘိုးအောင် ဘုရားဒါရကာမဒေါ်စိမ်းရင် မိသားစုတိုက တည်ထားကိုးကွယ်ခဲ့ကြသည်။ဆရာတော် ဦးကသဘသည်(၁၉၀၁)ခုနှစ်မှ(၁၉၂၀)ခုနှစ်ထိ ရုပ်ပွားတော်ကြီးနှင့်တကွ သာသနိကအဆောက်အအုံများ ကိုအသစ်တည်ဆောင်ပြုပြင်ထိမ်းသိန်းစောင့်ရှောက်ခဲ့သည်။
ငါးထပ်ကြီးဘုရား ဒုတိယဆရာတော် ဦးဇဠိလ(အဂ္ဂမဟာမဏ္ဍိတ)သည် (၁၉၂၀)ခုနှစ်မှ(၁၉၄၅)ခုနှစ်ထိ ဘုရားကြီးနှင့် ဂန္ဓကုဠိတိုက် တန်ဆောင်းအစရှိသည့် သာသနိက အဆောက်အအုံများက်ု ပြုပြင်မွန်းမံထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။
ရုပ်ပွားတော်ကြီးအပါအဝင် ဂန္ဓကုဠိတိုက်နှင့် သဲစေတီ သာသနိက အဆောက်အအုံများမှာအချိန်ကာလကြာမြင့်လာသဖြင့် ယိုယွင်းပျက်စီးလာခဲ့ရာ တတိယဆရာတော်ဘုရားကြီး
ဦးဇာဂရသည်(၁၉၄၅)ခုနှစ်မှ(၁၉၈၁)ခုနှစ်အထိ အချိန်ကာလများအတွင်းတပည့်သံဃာများနှင့် ဒါယကာများကိုဦးဆောင်လျှက် အသစ်တည်ဆောက် အဟောင်းပြုပြင်မွန်းမံခြင်းလုပ်ငန်းများ(၃၆)နှစ်တိုင်တိုင်စနစ်တကျ စီမံဆောင်ရွက်တော်မူခဲ့သည်။
(၁၉၈၁)ခုနှစ်ဒီဇင်ဘာလ(၂၈)ရက်နေ့မှစတင်၍ ငါးထပ်ကြီးမြတ်စွာဘုရားရုပ်ပွားတော်ကြီးနှင်တကွ သာသနိကအဆောက်အအုံများ ဘဏ္ဍတော်ငွေများနှင့်ဘုရားကြီးအားလှူဒါန်းပူဇော်ထားသော ဝတ္ထုပစ္စည်းများအားလုံးကိုဆရာတော် ဦးဇာဂရမှယာယီ ဂေါပကအဖွဲသိုလွှပြောင်းတာဝန်ပေးအပ်ခဲ့သည်။(၁၉၈၃)ခုနှစ်ဩဂုတ်လ(၆)ရက်နေ့တွင် ငါးထပ်ကြီးဘုရား၏ တာဝန်အသီးသီးကို ဆောင်ရွက်ရန် ယာယီဂေါပကအဖွဲမှ ပထမဂေါပကအဖွဲသိုလွှပြောင်းပေးခဲ့သည်။
၁၉၈၈ ခုနှစ် မှ ၂၀၀၀ခုနှစ် အတွင်း အများပြည်သူ၏ ကောင်းမှုတော်
ဘုရားကြီး နှင့် သာသနာအဆောက်အအုံများကို ရေရှည်တည်တံစေရန် ပထမဂေါပကအဖွဲမှ (၁၉၈၈)ခုနှစ်အထိကာလအတွက် ရုပ်ပွားတော်ကြီး ၏{အင်ဂတေ}များကိုခွာ၍အသစ်ပြန်လယ်ကပ်ခြင်း ဂန္ဓကုဠိတိုင်များကိုမွန်စီရွှေချခြင်း ရေတွင်းရေကန် နှင့် ရေစက်များ ဆောက်လုပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်
၁၉၈၈ခုနှစ်မှ၍ ဒုတိယဂေါပက အဖွဲမှ ဘုရားကြီး နှင့် တကွဗုဒ္ဓသန္တကပစ္စည်းအရပ်ရပ်ကိုလွဲပြောင်း တာဝန်ယူ၍ ၁၉၈၉ ခုနှစ်မှစတင်ကာ ဘုရားကြီးသို အဝင်ဦးထွန်းမောင် မိသားစုမှလှူဒါန်းသော မုဒ်ဦးပြသဒ် ဘုရားကြီးသိုအဝင် ကားလမ်းအပြင် ကုန်တော်ပေါ်သိုကားဖြင့်တတ်ရောက်ရန် ကွန်ကရစ် လမ်းနှင့် စောင်းတန်းတိုကို ဂေါပကအဖွဲဝင်များမှ မတည်၍ပြည်သူများ၏အလှူငွေများဖြင့် တည်ဆောက်ခဲ့ကြသည်။ ဤသိုဖြင့် (၁၉၉၄)ခုနှစ်ထိ မြတ်စွာဘုရားသာသနာတော်ထွန်းကားစေရန်ဆောင်ရွက်ခဲ့သည်
၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်ညိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲတွင်နိုင်ငံတော်မှ ဦးဆောင်၍ ငါးထပ်ကြီးဘုရားဘက်စုံပြုပြငါမွန်းမံတည်ဆောက်ရေးအဖွဲမှ လုပ်ငန်းများကို စီမံချက်များ ချမှတ်ကာ ဆောင်ရွက်ခဲ့သည်။ ထိုဘက်စုံပြုပြင်မွန်းမံတည်ဆောက်ရေး အဖွဲမှ ခြေလျင်စောင်းတန်း အဝင်မုခ်ဦးနှင့်ခြင်္သေ့ကြီးနှစ်ကောင် ဘုရားကြီးမြောက်ဘက် { မြေထိမ်းနံရံ }ဘုရားကြီးမဟာရံတံတိုင်း ဘုရားကြီး၏ {တံကဲတော်} ကြီး ဂန္ဓကုဠီတိုက် ကြီးတွင်းရှိ ရုပ်ထုများ လမ်း ရေတွင်း ရေကန်များ ကားပါကင်များ စသည်တို့ကိုတည်ဆောက်ခြင်းအပြင် ဂန္ဓကုဠီဆံစေတီတော် ဘုရားကြီးပလ္လင်တော် ရုပ်ပွားတော် ကြီး၏မျက်နှာကျက်တော် တိုအပြင် ဂန္ဓကုဠီ တိုက်အခင်း အကာ အမိုး တိုကိုပြုပြင်မွန်းမံခဲ့ကြသည် ထိုအပြင် ရှေးဟောင်း တိုက်တစ်ရာကျောင်းကြီးကိုလည်း ပြုပြင်မွန်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် (၂၀၀၀)ခုနှစ်ထိ သာသနာတော်ထွန်းကားရေးလုပ်ငန်းများပိုဆောင်ရွက် ခဲ့သည်။
၂၀၀၇ ခုနှစ် မှ ၂၀၂၄ခုနှစ် အတွင်း အများပြည်သူ၏ ကောင်းမှုတော်
၂၀၀၇ ခုနှစ်တွင် ဆုတောင်းပြည့် စေတီကို ပြုပြင် မွမ်းမံခြင်းနှင့် ထီးတော် အသစ်တင်လှူခြင်း ပြုလုပ်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် အလှူရှင်တစ်ဦးမှ ဘုရားကြီး၏ ကုန်းတော်ပေါ်သို ခြေလျင်တက်ရောက်နိုင်သော စောင်းတန်းထိပ်မုခ်ဦးကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။
၂၀၀၉ ခုနစ်တွင် ခြေလျင်တက်ရောက်နိုင်သော စောင်းတန်းအဝင်တွင် ခြေင်္သေ့ကြီး နှစ်ကောင်နှင့် မုခ်ဦးပြဿဒ် ၃ ခု ကို ဘက်စုံပြုပြင် ဆောင်ရွက်စဉ်က တပါထဲ တည်ဆောက်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်တွင် ဘုရားဖူးများအတွက် ခြေလျင်တက်ရောက်နိုင်သော အမိုးပါသည့် စောင်းတန်းကြီးကို ၁၀ ပေ၊ အခန်းပေါင်း ၅၄ ခန်း ဖွဲစည်း၍ ပြည်သူများကောင်းမှူဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။
၂၀၁၄ ခုနှစ်တွင် ရွှေဂုံတိုင်လမ်းမကြီးမှ ဘုရားကြီးသို ကားအဝင် မုခ်ဦးအသစ်တစ်ခုကို ခနိ့ညားစွာဖြင့် အလှူရှင်တစ်ဦးမှ တစ်ဆောက်လှူဒါန်းခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ငါးထပ်ကြီးဘုရား ရုပ်ပွါးတော်ကြီးကို ဂေါပကအဖွဲမှ ဦးဆောင်၍ အများပြည်သူများပါဝင်လှူဒါန်းမှုဖြင့် လုံးတော်ပြည့် ရွှေသင်္ကန်း အသစ် ကပ်လှူပူဇော်ခဲ့ပါသည်။ ထိုအပြင် လုမ္ဗိဏီဥယျာဉ်ဘက်ခြမ်း၊ ဘုရားကြီး၏ နောက်ကျောတွင် မြေပြိုမှုများဖြစ်ပေါ်လာသဖြင့် သံကူကွန်ကရစ် မြေထိန်းနံရံကြီးကိုလည်း တည်ဆောက်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဂန္ဓကုဋီတိုက်အပေါ်ဘက်ရှိ သံစေတီတော်ကို သုံနှစ်တစ်ကြိမ် ဆေးသုတ်ရန် မလိုအပ်အောင် အလှူရှင်တစ်ဦးမှ စတီးရွှေအပြည့် ကပ်လှူပူဇော်ခဲ့ပါသည်။
၂၀၂၀ ခုနှစ်တွင် ရွှေဂုံတိုင်လမ်းမမှ ခြေလျင်တက်ရောက်နိုင်သော စောင်းတန်း၏ ယာဘက်ခြမ်းတွင် မြေထိန်းနံရံတစ်ခုကို တည်ဆောက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်တွင် ဆုတောင်းပြည့်ဘုရား ကုန်းတော်၏ ဘေးပတ်လည်တွင် သံကူကွန်ကရစ် မြေထိန်းနံရံများကို တည်ဆောက်ခဲ့ပြီး ယနေ့အချိန်အထိ ငါးထပ်ကြီးဘုရားကြီးနှင့် သာသနိကအဆောက်အဦးများကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဖွံဖြိုးတိုးတက်စေရန် တိုကို စနစ်တကျ ဆောငိရွက်ခဲ့ကြပါသည်။