ဘုရားစေတီတော်များ
ဆုတောင်းပြည့်စေတီ


ရုပ်ပွါးတော်ကြီး၏ မြောက်ဘက်ကားစောင်းတန်းနှင့် ကပ်လျက်ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်သည်။ မြန်မာသက္ကရာဇ် (၁၂၅၄) ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၈၉၂) ခုနှစ် က တည်ဆောက်ခဲ့သော တိုင်တစ်ရာကျောင်း နှင့် ငါးထပ်ကြီးဘုရားထက် ရှေ့ကျစွာ တည်ထားကိုးကွယ်ခဲ့ကြသည်။ ၎င်းစေတီတော်ကို မြင်ကွန်းမင်းသား၏ ဆွေတော်မျိုးတော်များမှ တည်ထားခဲ့ကြသည်ဟုလည်း တဆင့်စကား တဆင့်နားဖြင့် ကြားသိရပါသညိ။ မြန်မာသက္ကရဇ် (၁၂၈၉) ခုနှစ် တပေါင်းလပြည့်နေ့ ၊ ခရစ်သက္ကရာဇ် (၁၉၂၈) မတ်လ ၅ရက်နေ့ တွင် အဂ္ဂမဟာပဏ္ဍိတ မဟာနာယကဒတိယငါးထပ်ကြီးဆရာတော် ဦးဇဋိလ မထေရ်မြတ်အမှူးထား၍ လတ္တာလမ်း ဇရပ်အမကြီး ဒေါ်သိန်းရင် မိသားစုတို့က ထပ်မံပြင်ဆင် မွန်းမံ ကုသိုလ်ပြုခဲ့ကြသည်။
မာန်အောင်ရတနာစေတီ

ရုပ်ပွါးတော်မြတ်ကြီးတည်ရှိရာနေရာ၏အရှေ့မြောက်ဘက်ကုန်းမြင့်ပေါ်ရှိရှေးဟောင်းသိမ်တော်ကြီး၏ အရှေ့ဘက်တွင်ကပ်လျက်တည်ရှိသည်။ ဤစေတီတော်ကိုလည်းတိုင်တစ်ရာကျောင်းကြီးနှင့် ငါးထပ်ကြီးဘုရားကြီးတိုထက် စောစီးစွာဖြင့်တည်ထားကိုးကွယ်ခဲ့ကြသည်။ ငါးထပ်ကြီးဘုရားကြီး၏ဝန်းအတွင်း၌တည်ရှိသော စေတီတော်တစ်ဆူဖြစ်သည်။
