အမျိုးဂုဏ် /ဇာတိဂုဏ်

အမျိုးဂုဏ်/ဇာတိဂုဏ်

ငါးထပ်ကြီးဘုရားကြီးတွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့အောင် ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်မှု များအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်ပေါ်စေသည့် အကြောင်းအချက်အလက်များ

ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်

ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်တွင် ဟံသာဝတီ ဂိုဏ်းအုပ်ဆရာတော်ကြီး ဦးအာသဘ (အဂ္ဂမဟာပဏ္ဍိတ) လက်ထက်တော်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ၁၉၂၀ ခုနှစ်အထိ ဆရာတောိကြီးမှ စောင့်ရှောက်တော်မူခဲ့သည်။ ထို့နောက် ဒုတိယငါးထပ်ကြီးဆရာတော် ဦးဇဋိလ (အဂ္ဂမဟာပဏ္ဍိတ) သည် ၁၉၂၀ မှ ၁၉၄၅ အထိ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်မှစ၍ လွတ်လပ်ရေးရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် ၁၉၈၁ ခုနှစ်အထိ တတိယဆရာတော် ဆရာတော်ဘုရားကြီး ဦးဇာဂရ သည် တပည့် သံဃာများနှင့် ဒါယကာ ၊ ဒါယိကာမများကို ဦးဆောင်လျက် အသစ်တည်ဆောက် အဟောင်းပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို ၃၆ နှစ်တိုင်အောင် စနစ်တကျစီမံဆောင်ရွက်တော်မူခဲ့ပါသည်။ ၁၉၈၁ မှ ၁၉၈၈ အထိ ဩဝါဒစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့များမှ ဘုရားကြီးနှင့် သာသနိကညအဆောက်အဦးများ ရေရှည်တည်တံ့စေရန် ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

၁၉၈၉ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှ ယနေ့အချိန်ကာလအထိ

၁၉၈၉ ခုနှစ်မှစ၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ဘုရားကြီးနှင့် သာသနိကအဆောကအဦးများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ရာတွင် ၁၉၉၄ ခုနှစ်၌ နိုင်ငံတောာ်အစိုးရမှ ဦးဆောင်၍ ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးအဖွဲ့မှ လုပ်ငန်းများကို စီမံချက်ချကာ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။ ထိုမှဆက်၍  ၂၀၁၀ ခုနှစ် အထိ ဂေါပက အဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုရားကြီးနှင့်တကွ သာသနိကအဆောက်အဦးများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ဆောက်ပြုပြင်မွမ်းမံခဲ့ကြပါသည်။

၂၀၁၁ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ ကာလဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခေတ်တွင် ဩဝါဒဆရာတော်များ၏ ဦးဆောင်မှုဖြင့် ဂေါပက အဖွဲ့ဝင်များသည် ဘုရားကြီးနှင့်သာသနိက အဆောက်အဦးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ပြုပြင်မွမ်းမံခဲ့ကြပါသည်။

၂၀၂၁ ခုနှစ်မှ ယနေ့အချိန်ကာလအထိ ကိုလည်း   အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို လေးထားကာ ထိန်းသိမ်းစောင့်လျက်ရှိပါသည်။