ငါးထပ်ကြီး၏ ဂန္ဓကုဋီတိုက်
ရှေးဟောင်းဂန္ဓကုဋီတိုက်


ရှေးဟောင်းဂန္ဓကုဋီတိုက်ကျောင်းတော်ကြီးကို ဘုရားဒါယကာဦးဘိုးအောင်နှင့် ဘုရားဒါယိကာမ ဒေါ်စမ်းရင်မိသားစုတိုမှ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ မူလဂန္ဓကုဋီကျောင်းတော်ကြီးသည် ဘုံငါးဆင့်ရှိပြီး သစ်သားများနှင့်တည်ဆောက်ခဲ့ပြီး သစ်သားများနှင့်တွဲဆက်ရန် ပြဿဒ်များ၊ စုလစ်မွန်းချွန်များ ၊ပွတ်ပန်းကနုတ် အနုလက်ရာများတိုဖြင့် သေသက်လှပအောင်တံဆာဆင်လျှက် ခန့်ငြားထည်ဝါစွာ ထုဆစ်ပုံဖော်ကာ တည်ဆောက်ပူဇော်ထားခဲ့သည်။ ထိုခေတ်ထိုအခါက မြန်မာလူမျိုးတို၏ ယဉ်ကျေးမှုအနှလက်ရာများ၏အဆင့်အတန်းမြင့်မားမှုကို မူလဂန္ဓကုဋီကျောင်းတော်ကြီး၏ မှတ်တန်းဓာတ်ပုံကို မြင်တွေ့ရုံဖြင့် ခန့်မှန်းသိရှိခွင့်ရရှိပေသည်။
ဂန္ဓကုဋီကျောင်းတော်ကြီးအတွင်း ဘုရားကြီး၏ အရှေ့ဘက်တန်ဆောင်းတော်ကြီးကိုလည်း တည်ဆောက်ထားရှိသည်။ ၎င်းတည်းဆောင်းတော်ကြီးကို ဒေးဒရဲမြို ဦးဝဏ္ဏ + ဒေါ်သော့ သားဦးကျင်သိန်း မိသားစုတိုကမှန်စီ ဒုဌဂါမဏိဇတ်ပန်းပုရုပ်တု တန်းဆောင်းတော်ကြီးအဖြင့် တည်ဆောက်လှူဒါန်းခဲ့ကြသည်။ ထိုအပြင် လက်ခုပ်ကုန်း ဦးကျော်ဇနီးမိသားစုတိုက တန်ဆောင်းမျက်နှာကျက်တွင် (၃၁)ဘုံရုပ်ပုံနှင့် နက္ခတ်တာယာပုံများကို ရေးဆွဲလှူဒါန်းပြီး ဇတ်ကြီး(၁၀) ဘွဲ ပန်းပုရုပ်စုံတိုကို မန္တလေးဆရာခင်အဖွဲ၊ဦးရွှေတောင်အဖွဲ နှင့် ဖိုမြေဆရာညွန့်အဖွဲတိုက အပြိုင်အဆိုင်ထုလုပ်ခဲ့ကြသည်။ ထိုပန်းပုရုပ်တုများကို မှန်စီတန်ဆောင်းတော်ကြီး၌ မျက်မစီး ထိမ်းသိမ်းထားရှိသည်။ ရှေးဟောင်း ဂန္ဓကုဋီကျောင်းတော်ကြီးသည် အချိန်ကာလ ကြာမြင့်လာသောအခါ ယိုယွင်းပျက်စီးလာသဖြင့် မျက်မှောက်ဆောင် ဂန္ဓကုဋိကျောင်းတော်ကြီးကို ပြန်လည်တည်ဆောက် ပြုပြင်မွန်းမံခဲ့ကြသည်။
ဂန္ဓကုဋီတိုက်သစ်


မြန်မာသက္ကရဇ်(၁၃၂၅)ခုနှစ်တန်ဆောင်မုန်းလဆန်း(၁၁)ရက်တနင်္ဂနွေနေ့ (ခရဇ်သက္ကရာဇ် (၁၉၆၃)ခုနှစ် အောက်တိုဘာလ(၂၇)ရက်) နေ့ နံနက်(၆:၀၀)နာရီအချိန်တွင်ဘုရားကြီး၏ အင်္ဂါထောင့် (ရှေ့တောင်ထောင့်)မှနေ၍ အဂ္ဂမဟာပဏ္ဍိတအလယ်တောရဆရာတော်ကြီးအမှူးပြု၍ ရန်ကုန်မြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီး(၁၀၀)ကျော်တို့က ရွှေအုတ်ငွေအုတ်တိုဖြင့်အုတ်မြစ်ချ၍ မျက်မှောက် ခေတ်တန်ဆောင်းတော်ကြီးကိုစတင်တည်ဆောက်ခဲ့ကြသည်။ ထိုသို့အုတ်မြစ်ချသည့်နေ့ညဉ့်ဦးတွင် မိုးအနည်းငယ်ရွာသွန်းခဲ့ရာမှကျလာသောမိုးရေတစ်ဖလား သာသာရှိသည့်ကျင်းထဲတွင် ရွှေရောင်အဆင်း ရှိသော လတ်သန်းအရွယ်ခန့် ငါးတစ်ကောင်ရောက်ရှိ နေသည်ကိုထူးဆန်းအံဩစွာတွေ့မြင်ကြရသည်။
မျက်မှောက်ခေတ်ဂန္ဓကုဋီကျောင်းတော်ကြီး၏အရွယ်အစားမှာအရှေ့မှအနောက်သို(၂၂၇)ပေနှင့်တောင်မှမြောက်သို့(၁၇၂)ပေ(၆)လက်မကျယ်ဝန်းနှင့်အမြင့်ပေ(၁၆၀)ရှိသောကြီးမားကျယ်ပြန့်သည့်အဆောက်အဦးကြီးဖြစ်သည်။ တိုင်များအမာခံထုပ်များဒိုင်းများ မျှားတန်းများကိုသံထည်များဖြင့် ခိုင်ခံ့လှပစနစ်ကျနစွာ တည်ဆောက်ထားသည်။ ယခုမြင်တွေ့နေရသကဲ့သိုခိုင်ခံ့လှပ စနစ်ကျပြီး ခန့်ငြားထည်ဝါသော ဂန္ဓကုဠီကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့ကြရာတွင် ငါးထပ်ကြီးဘုရားကြီး၏ တတိယဆရာတော်ဦးဇာကရအမှူးပြု၍အင်ဂျင်နိယာကြီးဦးအောင်ခင်မှ ပုံစံထုတ်ကြီးကြပ်ဦးဆောင်ကာ ရန်ကုန်စက်မှတက္ကသိုလ်(R.I.T)မှ ဆရာများနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှအင်ဂျင်နီယာများက စေတနာဝန်ထမ်းကုသိုလ်ယူပြီးတည်ဆောက်ခဲ့ကြသည်။