ဗောဓိပင်နှင့်လုမ္ဗိနီဉယျာဉ်
ရုပ်ပွါးတော်ကြီး၏အရှေ့ဘက်ကပ်လျှက်တွင်တစ်ဧကကျော်ကျော်ကျယ်ဝန်းသောနေရာ၌ဗောဓိပင်နှင့်လုမ္ဗိနီဥယျာဉ်တည်ရှိပြီး ဥယျာဉ်ကြီးအတွင်း၌တစ်နှစ်ပတ်လုံးဖူးပွင့်သော အင်ကြင်းပင်ကြီးများနှင့်သစ်ပင်ပန်းမန်များဖြင့်စိမ်းလန်းစိုပြည်အရိပ်အာဝါသကောင်းမွန်စွာရှိပါသည်။ ထို့ပြင်၎င်းဥယျာဉ်အတွင်းသတ္တသတ္တာဟအထိမ်းအမှတ်ဘုရား(၇)ဆူကိုထည့်သွင်းတည်ထားကိုးကွယ်ထားရှိပါသည်။ ဥယျာဉ်အတွင်းရှိဗောဓိညောင်ပင်ကိုဗုဒ္ဓဂယာမြေမြတ်မဟာမှပင့်ဆောင်လာခဲ့ပြီး (၁၃၆၁)ခုနှစ်၊နယုန်လဆန်း(၁၃)ရက် (၁၉၉၉ ခုနှစ် ၊ မေလ (၇)ရက်) နေ့တွင် စိုက်ပျိုးပူဇော်ခဲ့ပါသည်။ ၎င်းနောက်ဆက်လက်၍ သတ္တသတ္တာဟအထိမ်းအမှတ်နေရာများနှင့် ရုပ်ပွါးတော်များကို အလှူရှင်အသီးသီးမှ လှူဒါန်း၍တည်ထားပူဇော်ခဲ့ကြသည်။
သတ္တသတ္တာဟအထိမ်းအမှတ်ဘုရား (၇) ဆူ

လုမ္ဗိနီဥယျာဉ်အတွင်းသတ္တသတ္တာဟအထိမ်းအမှတ်ဘုရား(၇)ဆူကိုထည့်သွင်းတည်ထားကိုးကွယ်ထားရှိပါသည်။

ပလင်္ကသတ္တာဟ၊အပရာဇိတပလ္လင်တော် (ပထမသတ္တာဟ)

အနိမိသသတ္တာဟ၊အနိမိသစေတီတော်(ဒုတိယသတ္တာဟ)

စင်္ကမသတ္တာဟ၊ရတနာသင်္ကြန်တော် (တတိယသတ္တာဟ)

ရတနဃရသတ္တာဟ၊ရတနာရွှေအိမ်တော် (စတုတ္ထသတ္တဟ)

အဇပါလသတ္တာဟ၊အဇပါလညောင်ပင် (ပဥ္စမသတ္တာဟ)

မုစလိန္ဒသတ္တာဟ၊မုစလိန္ဒာရေအိုင် (ဆဌမသတ္တာဟ)

ရာဇာရတနသတ္တာဟ၊လင်းလွန်းပင် (သတ္တမသတ္တာဟ)
မဟာဗောဓိညောင်ပင်


မဟာဗောဓိညောင်ပင်
