မာရ်အောင်မြင်စင်္ကြာရှင်ဘုရားနှင့် ဒီပင်္ကာရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်ရာ အလယ်ဗဟို တန်ဆောင်းတော်ကြီး

                 ကျောင်းကြီးတိုက်ကြီး၏ အလယ်ဗဟိုနေရာတွင် မာရ်အောင်မြင်စင်္ကြာရှင် ရုပ်ပွားတော်မြတ်ကြီး ရပ်တော်မူ ဒီပင်္ကရာ မြတ်စွာဘုရား(၁၁၉၁ ခုနှစ်ဟု ရေးထိုးထားသော)နှင့် ရုပ်ပွားတော်(၁၈)ဆူတို့ ကိန်း ဝပ်စံပ္ပါယ်တော်မူကြသော အလယ်ဗဟိုတန်ဆောင်းကြီးကို ၁၂၆၈ နှစ်ကပင် တည်ထား ကိုးကွယ်ခဲ့ကြ ပြီး ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့က မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ထို့ကြောင့် ၁၉၄၇ ခုနှစ် (၁၃၀၆ ခုနှစ်)တွင် ဘုံပျံဆရာတော် ဦးယသ ကြီးမှူး၍ ပြန်လည်ပြုပြင်ခဲ့ပါသည်။ တဖန် ၁၉၉၁ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် အမိုးအကာများ ပြင်ဆင်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ပြန်လည်မွမ်းမံခြင်း၊ မှန်ပလ္လင်များကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင် ယင်း အလယ်ဗဟိုတန်ဆောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များအား ကရုဏာနှလုံးသားပရဟိတကွန်ယက် လူမှုဖူလုံရေးနှင့် သာသနာရေးထောက်ပံ့မှုအသင်းကြီးမှ ဦးဆောင်၍ အလှူရှင်များစုပေါင်း၍ အမိုးအကာ များ၊ ရုပ်ပွားဆင်းတုတော်များအား အသစ်တဖန်ထပ်ဆင့်မွမ်းမံခြယ်သပြုပြင်ခဲ့ရာ ကြည်နူးမကုန်အောင် ကြည်ညိုပူဇော်နိုင်နေပြီဖြစ်ပါသည်။