

အသေးစိတ် အချက်အလက်များ

ဩဝါဒပါတိမောက်ဓမ္မစေတီကျောက်စာတော်
ပွင့်တော်မူပြီးသော ဘုရားရှင်တိုင်းဟောကြားတော်မူခဲ့သော “ဩဝါဒပါတိမောက်” ကျောက်စာ အား ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပါယ်တော်မူရာ ဂန္ဓကုဋိတန်ဆောင်းကြီး၏ဘေး (အရှေ့)တွင် ဖတ် ရှု၍ ဖူးမြှော်ကြည်ညိုနိုင်မည် ဖြစ်ပါသည်။

ဗုဒ္ဓဘိသေကအနေကဇကာတင်မဟာမင်္ဂလာမော်ကွန်းစာ
၂၀၀၄ခုနှစ်တွင် ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်သော မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး နှင့် ဂန္ဓကုဋိတန်ဆောင်းတော်ကြီးနှင့် သာသနိကအဆောက်အဦတို့အား နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဇနီးဒေါ်ကြိုင်ကြိုင်မိသားစုနှင့် အလှူရှင် ဒါယကာ၊ ဒါယိကာမတို့က စုပေါင်း၍ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခဲ့သော လုပ်ငန်းအား မှတ်တမ်းတင်ထား သော ကမ္ဗည်းကျောက်စာဖြစ်ပါသည်။ ဩဝါဒပါတိမောက်ကျောက်စာအနီးတွင် ရှိပါသည်။