မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး

အသေးစိတ် အချက်အလက်များ

                                                

  ရုပ်ပွားတော်မြတ်၏ အင်္ဂါရပ်များ

 

ဉာဏ်တော်အမြင့်            ၂၀ ပေ                                   

ကိုယ်လုံးတော်                 ၁၅ ပေ

ပလ္လင်တော်အကျယ်        ၁၉ ပေ                                                      

နဝမမြောက် အောင်မြေဖြစ်သောရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဘူမိဖဿမုဒြာကိုယ်ဟန်တော်ရှိသည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိသော မုနိ (၉) ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည်။

ရုပ်ပွားတော်မြတ်ကြီးကို အုတ်, အင်္ဂတေ တို့ဖြင့် အချိုးအစားညီညွတ်စွာ တည်ထားခဲ့ခြင်း ဖြစ်ပါသည်။

  မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးမှာ ယခင်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်၍ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါနှစ်ပေါင်း(၁၅၆)နှစ်ခန့်ရှိပြီဖြစ်ပါသည်။
ယင်း ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအား လွန်ခဲ့သော၂၀၀၄ခုနှစ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုတို့အား အမှူးထား၍ သာသနာပြုဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းမှုဖြင့် ပြုပြင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး နှင့် ဂန္ဓကုဋိတန်ဆောင်းကြီးအား ဗိုလ်သူရလမ်းမှပင် လှမ်းမြှော်ပူဇော်ရှိခိုးနိုင်ပြီဖြစ်ပါသည်။         

မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး အကြောင်း

           မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးမှာ ယခင်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်၍ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါနှစ်ပေါင်း(၁၅၆)နှစ်ခန့်ရှိပြီဖြစ်ပါသည်။

ယင်း ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအား လွန်ခဲ့သော၂၀၀၄ခုနှစ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုတို့အား အမှူးထား၍ သာသနာပြုဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းမှုဖြင့် ပြုပြင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး နှင့် ဂန္ဓကုဋိတန်ဆောင်းကြီးအား ဗိုလ်သူရလမ်းမှပင် လှမ်းမြှော်ပူဇော်ရှိခိုးနိုင်ပြီဖြစ်ပါသည်။

နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ

ကိုးဆူတန်ဆောင်းကြီးနှင့်ကပ်လျက် တစ်ဝဂူဘုရား၏ မြောက်တွင် နှစ်ကျိပ်ရှစ်ဆူသော ရုပ်ပွား တော်မြတ်များကို ၁၂၀၅ ခုနှစ်ခန့်က ကုန်းဘောင်ရွှေဘိုမင်းလက်ထက်တွင် ပဲ့နင်းကြီးဦးလှပေါ်နှင့် လှေ ပဲ့ချိတ်၊ သွေးသောက် အစီအရင်၊ ခေါင်းကြီး၊ လှေလှော်သား၊ အမှုထမ်း အရာထမ်းများက စုပေါင်း၍ နှစ်ကျိပ်ရှစ်ဆူသော ရုပ်ပွားတော်မြတ်များကို ရွှေပန္နက်၊ ငွေပန္နက်ချ၍ တည်ထားကိုးကွယ်ခဲ့၍ နှစ်ကျိပ် ရှစ်ဆူတန်ဆောင်းဟု ခေါ်တွင်ခဲ့ပါသည်။

(၉)ဆူသောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများ

      ကျောင်းကြီးတိုက်အတွင်း ကိုးဆူတန်ဆောင်းတော်ကြီးမှာ သာယာဝတီမင်းလက်ထက်၌ ပဲ့နင်း ကြီး ဦးလှပေါ်နှင့် လှေသူကြီး (၈)ယောက်တို့က တစ်ဦးလျှင် ဘုရား(၁)ဆူစီဖြင့် ကိုးဆူသော ရုပ်ပွားတော် များအား တည်ထားကိုးကွယ်ခဲ့သောကြောင့် ကိုးဆူတန်ဆောင်းဟု ခေါ်တွင်စေခဲ့ပါသည်။

သံ-ဂုံ-ပ-မ ဘုရားလေးဆူ

                သံ-ဂုံ-ပ-မ ဘုရားလေးဆူတန်ဆောင်းကြီးမှာ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးဂန္ဓကုဋိတန် ဆောင်းကြီး အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိပါသည်။ ယခင်က မဟာပုညောပကာရဓမ္မာရုံနှင့်ပေါင်း စပ်တည်ရှိခဲ့ပါသည်။

              ၂၀၀၄ ခုနှစ်တွင် မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံပြီး နောက် ရုပ်ပွားတော်မြတ်ကြီးအား ဗိုလ်သူရလမ်းမှပင် ဖူးမြှော်စေနိုင်ရန်အတွက် မဟာပုညောပကာရ ဓမ္မာရုံအား အနောက်ဘက်သို့ ရွှေ့ပြောင်းသွားသဖြင့် သံ-ဂုံ-ပ-မ ဘုရားလေးဆူကိန်းဝပ်စံပ္ပါယ်ရာ တန် ဆောင်းအတွင်း သီးခြားကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။

ဘောဂ၀တီနဂါးရုံဘုရား

                  ကြည့်မြင်တိုင်ကျောင်းတိုက်၏ အထွတ်အမြတ်ဆုံး ရုပ်ပွားတော်များထဲမှ တစ်ဆူ

ဒီပင်္ကရာရပ်တော်မူမြတ်စွာဘုရားကြီး

             သက္ကရာဇ် ၁၁၉၁ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော ရပ်တော်မူဘုရားကြီးရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်မွေတော်များ ပရိဘောဂစေတီများ စုပေါင်းဌာပနာ၍ တည် ထားသော စေတီဖြစ်၍ ဓာတ်ပေါင်းစုစေတီဟု ဘွဲ့တော်သတ်မှတ်ကြသည်။

               ၁၃၀၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ကျောင်းကြီးတိုက်အတွင်း မီးလောင်ရာ၌ ကျန်ခဲ့သော ဘုရားဓာတ်တော်မွေတော်များ နှင့် ကျိုးပဲ့ပျက်စီးနေသော ရုပ်ပွားဆင်းတုတော်များကို ဌာနပနာပြုလုပ်၍ ဉာဏ်တော်အမြင့် (၃၆)ပေရှိ လက်ရှိစေတီတော်ကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ငါးဆူကျောင်းတောင်ဘက်တွင် ကပ်လျက်တည်ရှိပါ သည်။

 

ဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး

           ရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်မွေတော်များ ပရိဘောဂစေတီများ စုပေါင်းဌာပနာ၍ တည် ထားသော စေတီဖြစ်၍ ဓာတ်ပေါင်းစုစေတီဟု ဘွဲ့တော်သတ်မှတ်ကြသည်။

၁၃၀၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း ကျောင်းကြီးတိုက်အတွင်း မီးလောင်ရာ၌ ကျန်ခဲ့သော ဘုရားဓာတ်တော်မွေတော်များ နှင့် ကျိုးပဲ့ပျက်စီးနေသော ရုပ်ပွားဆင်းတုတော်များကို ဌာနပနာပြုလုပ်၍ ဉာဏ်တော်အမြင့် (၃၆)ပေရှိ လက်ရှိစေတီတော်ကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ငါးဆူကျောင်းတောင်ဘက်တွင် ကပ်လျက်တည်ရှိပါ သည်။

တစ်၀ဂူစေတီတော်မြတ်ကြီး

ခဏ္ဍသိမ်တော်ကြီး၏ အနောက်ဘက် မဟာဘုံမြင့်ကျောင်းရှေ့တွင် တည်ရှိပါသည်။ အေးချမ်း စိတ်ငြိမ်သော မဟာဗောဓိညောင်ပင်ကြီးအနီးတွင် ၁၂၂၇ ခုနှစ်၌ သိမ်ကြီးလမ်းနေ ဒါယိကာမဒေါ်ရောက် နှင့် သား ကိုမြတို့က ကျောက်ဆင်းတုရုပ်ပွားတော်တစ်ဆူနှင့် ယင်းတစ်ဝဂူစေတီအား တည်ထားကိုး ကွယ်ခဲ့ပါသည်။

မြတ်စောညီနောင်စေတီတော်မြတ်ကြီး

                လွန်ခဲ့သော နှစ်ပေါင်း (၁၅၀)ကျော်က ကျောင်းကြီးတိုက်အား တည်မည့်နေရာတွင် သုမန ကုန်သည်ညီနောင်နှစ်ဦးတို့မှ ရှေးအခေါ် “မြတ်စောမင်းနောင်” ယခုအခါ “မြတ်စောညီနောင်”ဟူသော ဘွဲ့မည်သော စေတီတော်နှစ်ဆူကို တည်ထားကိုးကွယ်ခဲ့ကြသည်။

            ၁၂၃၄ ခုနှစ်ခန့်က တည်ထားကိုး ကွယ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ ယင်းစေတီတော်နှစ်ဆူအား ဓာတ်မီးပူဇော်ရေးနှင့် ဝေယျာဝစ္စအသင်း က ၂၆.၁၀.၁၉၆၁ ခုနှစ်က ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ မြတ်စောညီနောင်စေတီ၏ဗုဒ္ဓပူဇနိယပွဲတော် ကို နှစ်စဉ် ပြာသိုလဆန်း (၈)ရက်နေ့မှ ပြာသိုလပြည့်နေ့အထိ ကျင်းပပါသည်။ ယခု ၁၃၈၆ ခုနှစ်တွင် ဘုရားပွဲတော်ကို (၆၄)ကြိမ်မြောက်အဖြစ် ကျင်းပပြီးဖြစ်ပါသည်

သာသနိကအဆောက်အအုံများ

 
မဟာသကျမုနိဂန္ဓကုဋိကျောင်းဆောင်ကြီး

ကြည့်မြင်တိုင်ကျောင်းတိုက်၏ အဓိကကျောင်းဆောင်ကြီး

           မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးမှာ ယခင်ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်၍ သက္ကရာဇ် ၁၂၃၀ ပြည့်နှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါနှစ်ပေါင်း(၁၅၆)နှစ်ခန့်ရှိပြီဖြစ်ပါသည်။

           ယင်း ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးအား လွန်ခဲ့သော၂၀၀၄ခုနှစ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုတို့အား အမှူးထား၍ သာသနာပြုဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းမှုဖြင့် ပြုပြင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး နှင့် ဂန္ဓကုဋိတန်ဆောင်းကြီးအား ဗိုလ်သူရလမ်းမှပင် လှမ်းမြှော်ပူဇော်ရှိခိုးနိုင်ပြီဖြစ်ပါသည်။

 

ခန္ဓသိမ်တော်ကြီး

ကြည့်မြင်တိုင်ကျောင်းတိုက်၏ အဓိကသိမ်တော်ကြီး

               ငါးဆူကျောင်းအနောက်ဘက်တွင်ရှိပြီး စိန်တောင်(၃)ထပ်တံတိုင်း(၃)ထပ်ကာရံထားသော သိမ် တော်ကြီးဖြစ်သည်။ သိမ်တော်ကြီးအား ၁၂၂၁ ခုနှစ်က မင်းတုန်းမင်းတရားကြီး လှူဒါန်းသော ဝိသုံဂါမ မြေ၌ သွေးဆေးကန်ဆရာတော်၊ ဗားကရာဆရာတော်၊ အလယ်တောရဆရာတော်ဘုရားကြီးများကြီးမှူး ၍ သိမ်သမုတ်ခဲ့ပါသည်။ ၁၃၁၈ ခုနှစ်တွင် မီးလောင်ပျက်စီးခဲ့သော သိမ်တော်ကြီးအား ဘုန်းတော်ကြီး ဦးယသနှင့် မဟာသိမ်တော်ကြီးအသင်းသားများကြီးမှူး၍ ပြုပြင်ခဲ့ပြီး သံဃိကအဖြစ် ရေစက်ချလှူဒါန်းခဲ့ ပါသည်။

၂၀၀၄ ခုနှစ်တွင်လည်း ခဏ္ဍသိမ်တော်ကြီးအား အသစ်ပြုပြင်မွမ်းမံခဲ့ပါသည်။ ယင်းသိမ်တော် ကြီးတွင် သိက္ခာထပ်ခြင်း၊ ရဟန်းခံခြင်း၊ လပြည့်လကွယ်နေ့တိုင်း ကျောင်းကြီးတိုက်အတွင်း သီတင်းသုံး တော်မူကြသော ရဟန်းသံဃာများ ဥပုသ်ပြုခြင်းများ ဆောင်ရွက်ပါသည်။

 

နာယကချုပ်ဆရာတော်ကျောင်းတိုက်

             နာယကချုပ်ကျောင်းသည် ယခင်က ရှေးဟောင်းရုပ်ပွားတော်ကြီးအနီးတွင်ရှိခဲ့၍ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံသော ၂၀၀၄ ခုနှစ်တွင် ကျောင်းကြီးတိုက် နာယက ဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီးလျှင် ထိုစဉ်က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဇနီး ဒေါ်ကြိုင်ကြိုင်တို့အား အမှူးထား၍ ဒါယကာ၊ ဒါယိကာမများစုပေါင်း၍ ကျောင်းကြီးတိုက်၏ မြောက် ဘက်၌ အသစ်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ နာယကချုပ်ကျောင်းမှာ ကျောင်းကြီးတိုက်၏ နာယက ချုပ်ဆရာတော်များ အစဉ်အဆက် သီတင်းသုံးနေထိုင်ရန်အတွက် ဖြစ်ပါသည်။

            လက်ရှိတွင် နာယကချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (B.A) ဓမ္မာစရိယ ဘဒ္ဒန္တသူရိယ ဆရာတော်မှ သီတင်းသုံးနေ ထိုင်လျက်ရှိပါသည်။ ၁၃၈၆ ခုနှစ် ဝါဆိုသံဃာ (၃)ပါးရှိပါသည်။ ကျောင်းကြီးတိုက်အတွင်း ကျောင်း အသီးသီးတို့တွင် ၁၃၈၆ခုနှစ်တွင် ဝါဆိုသံဃာ(၅၈)ပါး၊ သာမဏေ (၆)ပါးဖြစ်၍ စုစုပေါင်း ဝါဆိုသံဃာ (၆၄)ပါးဖြစ်ပါသည်။

 

မဟာပုညောပကာရ ဓမ္မာရုံ

          မဟာပုညောပကာရဓမ္မာရုံမှာ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကျောင်းကြီးလမ်းအောက် လမ်းအား မျက်နှာမူလျက် တည်ရှိပါသည်။ ယခင်က ဒေါ်ဖွားခိုဇရပ်ဟု ခေါ်တွင်ခဲ့ပြီးနောက်ပိုင်းတွင် နာယကဆရာတော်များ၏ ဩဝါဒခံယူပြီး “မဟာပုညောပကာရဓမ္မာရုံ”ဟု ခေါ်တွင်ခဲ့ပါသည်။

         မူလက သံ-ဂုံ-ပ-မ ဘုရားလေးဆူနှင့် တစ်ဆက်တည်း တည်ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် မဟာသကျမုနိရုပ်ပွားတော် မြတ်ကြီးပြန်လည်ပြုပြင်မွမ်းမံပြီးသောအခါ ရုပ်ပွားတော်မြတ်ကြီးအား ဗိုလ်သူရလမ်းမှပင် လှမ်းမြှော် ဖူးမြင်နိုင်ရေးအတွက် မူလနေရာမှ အနောက်ဘက်သို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ပါသည်။ ယင်းဓမ္မာရုံ တွင် နှစ်စဉ်ဝါတွင်းကာလ သီလပေးပွဲများ၊ ဘာသာရေးပွဲများ၊ လူမှုရေးပွဲများ ပြုလုပ်ကြပါသည်။

 

 

ကျောင်းကြီးကျောင်း

                  ကျောင်းကြီးကျောင်းအား ဒုတိယကမ္ဘာစစ် မီးလောင်၍ ဦးသုဇာတ၊ ဦးကမလာသန၊ ဦးဥပသေန တို့(၃)ပါးတို့က ကျောင်းပြန်ဆောက်လုပ်ခဲ့ကြပါသည်။

                လက်ရှိကျောင်းကြီးကျောင်း ဆရာတော်မှာ ဦးပုညာနန္ဒမှ သီတင်းသုံးနေထိုင်လျက်ရှိပါသည်။ ၁၃၈၆ခုနှစ်၊ ဝါဆိုသံဃာ(၆)ပါးရှိပါသည်။

 

အောင်ရတနာတိုက်ကျောင်း

အောင်ရတနာကျောင်း (လယ်ပေါ်ကျောင်း)အကြောင်း

             စစ်ပြီးခေတ်တွင် ယာယီဆောက်လုပ်ခဲ့ပြီး ၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၈)ရက် (၁၉.၁၁.၁၉၆၂)ခုနှစ်တွင် ဦးအောင်ဘ၊ ဒေါ်သန်းမေ တို့က “အောင်ရတနာ တိုက်ကျောင်း” အမည်ဖြင့် ဆောက်လုပ်၍ ဆရာတော် ဦးတိလောကအား ရေစက်ချလှူဒါန်းခဲ့ပါသည်။

          ယခုအခါ ဆရာတော် ဦးသာသနနှင့် ဒေါက်တာ နန္ဒာသိရီ တို့ သီတင်းသုံးနေထိုင်ကြပါသည်။ ၁၃၈၆ခုနှစ် ဝါဆိုသံဃာ (၂)ပါးရှိ ပါသည်။


 

ကျောင်းသစ်ကျောင်း

                ဆရာတော် ဦးကုသလက ကြီးမှူးဆောက်လုပ်၍ ဦးကလျာဏအား ၁၃၁၁ ခုနှစ်၊ ဝါခေါင်လပြည့် ကျော် (၂)ရက် (၁၀.၈.၁၉၄၉)နေ့တွင် လွှဲအပ်ခဲ့သည်။

               ကျောင်းသစ်ကျောင်းနှင့် ဆွမ်းစားကျောင်းကို ယခု အခါ အသစ်တည်ဆောက်၍ ဦးစန္ဒေါဘာသ သီတင်းသုံးနေထိုင်ပါသည်။ ၁၃၈၆ခုနှစ် ဝါဆိုသံဃာ (၂)ပါး ရှိပါသည်။


 

ရွှေပြည်ဝင်ကျောင်း

            ဂဠုန်သင်္ကန်းတိုက် ဦးသိန်း-ဒေါ်ပုတို့က ဆောက်လုပ်၍ ၁၃၂၁ ခုနှစ်၊ နတ်တော်လဆန်း(၁၄)ရက် (၁၃.၁.၁၉၅၉)နေ့တွင် ကျောင်းကြီးတိုက်အတွင်းရှိ ကျောင်း(၁၂)ကျောင်းမှ သမ္မုခီဘူတ မျက်မှောက် သံဃာတော်များအား လှူဒါန်းခဲ့ပါသည်။

 

ဘုံပျံကျောင်း

             ၁၃၀၅ခုနှစ်တွင် မီးလောင်ပျက်စီးခဲ့သော ဘုံပျံကျောင်းကြီးကို ဘုန်းတော်ကြီး ဦးယသ၏ အစ်မ ကျောင်းအစ်မကြီး ဒေါ်သဲညွန့်က ပြန်လည်ပြုပြင်လှူဒါန်းခဲ့ပါသည်။ လက်ရှိဆရာတော်မှာ ဦးဝိဇယ ဖြစ် ပါသည်။ ၁၃၈၆ ခုနှစ် ဝါဆိုသံဃာ (၁၇)ပါးရှိပါသည်။

 

ပျော်ဘွယ်ကြီးကျောင်းတိုက်

              ပျော်ဘွယ်ကြီးရွာသား ဦးဓမ္မိသာရအား ဒေါ်ငွေခင်က ဘုံကျောင်းဆောက်လုပ်လှူဒါန်းပြီး “ပျော် ဘွယ်ကြီးကျောင်း”ဟု အမည်ပေးခဲ့ပါသည်။

            ယခုအခါ ဆရာတော် ဦးအဂ္ဂဓဇ သီတင်းသုံးလျက်ရှိပါသည်။ ၁၃၈၆ခုနှစ် ဝါဆိုသံဃာ (၃)ပါးရှိပါသည်။

 

 

ရွှေလှိုင်အုတ်ကျောင်း

             တတိယမြောက် နာယကချုပ်ဆရာတော် ဦးဓမ္မစာရ လက်ထက်က ကျောင်းဟောင်း (တိုက် ကျောင်း)ကို နိဗ္ဗာန်ကျောင်းအဖြစ် ဦးဘအေး၊ ဦးကျော်တို့က ဆောက်လုပ်ခဲ့သည်။ စစ်အတွင်း မီးလောင် ခဲ့၍ ယူနီဗာစီတီ ဦးစံထွန်း၊ ဒေါ်ခင်ချိုချိုတို့က “ရတနာစံကျောင်း” အမည်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါ သည်။

             ၁၃၁၆ ခုနှစ် (၂.၇.၁၉၅၄)ရက်နေ့က ဦးစံရင်၊ ဒေါ်ခင်ညွန့်တို့က ပန္နက်ရိုက်ပြီး “ရွှေလှိုင်အုဋ် ကျောင်း”အမည်ဖြင့် နိုင်ငံတော် ဩဝါဒစရိယ ဆရာတော် ဦးအာဒိစ္စရံသီအား လှူဒါန်းခဲ့ပါသည်။ ယခု အခါ ဆရာတော် ဦးပဏ္ဍိတ သီတင်းသုံးနေထိုင်လျက်ရှိပါသည်။ ၁၃၈၆ခုနှစ် ဝါဆိုသံဃာ (၁၃)ပါးရှိပါ သည်။


 

မဟာဘုံမြင့်ကျောင်း

          ဦးကန့်ဗလုံး၊ ဒေါ်ြမတို့က ၁၂၉၂ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂.၃.၁၉၃၁)ရက်နေ့၌ ပန္နက်ရိုက်၍ တည်ဆောက်လှူဒါန်းခဲ့ရာ ဒုတိယကမ္ဘာစစ်အတွင်း မီးလောင်၍ ဂဠုန်သင်္ကန်းတိုက် ဦးသိန်း၊ ဒေါ်ပုတို့က ပြန်လည်ပြုပြင်ပြီး ရေစက်ချလှူဒါန်းခဲ့ပါသည်။

         ယခုအခါ ဆရာတော် ဦးသောမစာရ မှ နေထိုင်သီတင်း သုံး၍ မိုးကုတ်ဝိပဿနာတရားတော်ကို နေ့စဉ် တရားဟောပြသလျက်ရှိပါသည်။ ၁၃၈၆ ခုနှစ် ဝါဆို သံဃာ (၉)ပါးရှိပါသည်။

 

 

သံတွဲကျောင်း

              ယခင်က ဆရာတော် ဦးသောမ သီတင်းသုံးနေသောကျောင်းကို ၁၃၁၇ခုနှစ်၊ တပို့တွဲလပြည့် ကျော်(၄)ရက် (၁.၃.၁၉၅၆)ရက်နေ့တွင် အုတ်ဖိုဆရာတော်က သံတွဲဆရာတော် ဦးသောမအားလွှဲပြောင်း လှူဒါန်းခဲ့ပါသည်။

             လက်ရှိတွင် ဆရာတော် ဦးသူရိယ (B.A) ဓမ္မာစရိယ ဖြစ်ပါသည်။ ၁၃၈၆ခုနှစ် ဝါဆို သံဃာ(၂)ပါးရှိပါသည်။

 

 

တိုက်ကျောင်း

               ဆရာတော် ဦးမုနိန္ဒ လက်ထက်တွင် ယာယီကျောင်းဆောက်လုပ်ခဲ့ပြီး ဆရာတော် ဦးပဏ္ဍိတ လက်ထက်တွင် ဘုံကျောင်းအဖြစ် ပြန်လည်ဆောက်လုပ်သည်။ ယခုအခါ ဆရာတော် ဦးဇောတိက သီတင်းသုံးလျက်ရှိပါသည်။ ၁၃၈၆ ခုနှစ် ဝါဆိုသံဃာ (၃)ပါးရှိပါသည်။

 

ငွေစာရံကျောင်း (ဆွမ်းစားကျောင်း)

           ယခင် ဒေါ်သင်းဆွမ်းစားကျောင်းကို ဦးနာဂက ၁၃၂၁ ခုနှစ်တွင် ပြန်လည်တည်ဆောက်၍ “ငွေစာရံကျောင်း”ဟု အမည်တပ်လှူဒါန်းခဲ့ပါသည်။

          ယခုအခါ ဆရာတော် ဦးသံဝရမှ ဦးစီး၍ သီတင်းသုံး နေထိုင်လျက်ရှိပါသည်။ ၁၃၈၆ ခုနှစ် ဝါဆိုသံဃာ (၂)ပါးရှိပါသည်။

 

 

ငါးဆူကျောင်း

          ယခင်ကရှိခဲ့သော ဒေါ်ညိုကြီးဇရပ်အနီး ငါးဆူပင်ကြီးကို အစွဲပြု၍ ငါးဆူကျောင်းဟု အမည်တပ် ကာ ဦးပဏ္ဍိတ က အုပ်ချုပ်ခဲ့ပါသည်။ ၁၃၀၈ ခုနှစ်တွင် ဒေါ်ကျင်မြိုင် မိသားစုက ဘုံတစ်ထပ်တိုက် ကျောင်းကို ပြန်လည်ဆောက်လုပ်ခဲ့ပါသည်။

       ယခု ငါးဆူကျောင်း၏ နာယကဆရာတော်မှာ ဦးဇဝန ဖြစ် ပါသည်။ ၁၃၈၆ ခုနှစ် ဝါဆိုသံဃာ(၃)ပါးရှိပါသည်။


သံဗိုလ်ပရိယတ္တိမာမကတိုက်ကျောင်း

          ၁၃၀၈ ခုနှစ်တွင် ကြည့်မြင်တိုင် တလိုင်းပိုင်း ဒါယကာများက ဆောက်လုပ်၍               ဆရာတော် ဦးဝါသဝအား လှူဒါန်းခဲ့ပါသည်။

                ဆရာတော် အစဉ်အဆက် သီတင်းသုံးနေထိုင်ခဲ့ကြပြီး ယခုအခါ ဆရာ တော် ဦးသောမမှ သီတင်းသုံးနေထိုင်လျက်ရှိပါသည်။ ၁၃၈၆ခု ဝါဆိုသံဃာ(၅)ပါးရှိပါသည်။


မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရားစေတီများကိန်းဝပ် စံပါယ်ရာနေရာများနှင့် သာသနိကအဆောက်အအုံများတည်နေရာ