ယက္ခညီနောင်

အသေးစိတ် အချက်အလက်များ

မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် အမည်သတင်းကြီးသော ယက္ခညီနောင် နှစ်ပါးရှိလေသည်။ နောင်တော်ယက္ခမှာ တောင်ဘက်မုခ်ဝအနီးတွင် ရှိပြီး ယက္ခညီတော်မှာ မြောက်ဘက်မုခ်ဝအနီးတွင် ရှိပါသည်။ နောင်တော်မှာ အစွယ်လေးချောင်း နှင့် ဖြစ်ပြီး ညီတော်မှာ အစွယ်နှစ်ချောင်းနှင့် ဖြစ်လေသည်။ အဓိဋ္ဌာန်အောင်မြင်ကြသူများမှ ခေါင်းဆောင်း၊ ပုဝါ၊ ခြုံထည်များ နေ့စဉ်ဆက်ကပ်နေကြသည်ကိုလည်း တွေ့မြင်နေရပေသည်။