သူရဿတီမယ်တော်

အသေးစိတ် အချက်အလက်များ

သူရဿတီမယ်တော် ရုပ်ထုမှာ စေတီတော်ဝင်းအနောက်ဘက်တွင် တည်ရှိသည်။ ပိဋကတ်တော်ကို စောင့်ရှောက်သော၊ ပညာကို စောင့်ရှောက်သော နတ်သမီးအဖြစ် ယုံကြည်၍ ပညာရေးနှင့်ပတ်သက်ပြီး ပူဇော်ကြသူများ၊ ကန်တော့ပွဲပေး၊ ပုဝါဆက် ဆုတောင်းကြသူများနှင့် စည်ကားလျက်ရှိသော နန်းဆောင်တစ်ခု ဖြစ်လေသည်။