ဆေးဘိုးဘိုးကြီး အသေးစိတ် အချက်အလက်များ စေတီတော်ကြီး၏ အနောက်ဘက်မုခ်ဝအနီးတွင် ရှိပါသည်။ ဘုရားဖူးများမှ ဆေးဘိုးဘိုးကြီး၏ ဆေးကျောက်ပျဉ်တွင် ဆေးသွေး၍ ယူသွားကြသည် ကို တွေ့မြင်ရပါသည်။ မိမိကိုယ်တွင် ဝေဒနာခံစားရသည့် နေရာနှင့်တူသည့် ဘိုးဘိုးကြီး၏ ခန္ဓာကိုယ်အား နှိပ်နယ်၍ ဆုတောင်းနေကြသူများကိုလည်း တွေ့ရှိရပါသည်။