ကြေငြာချက်များ

သတိပြုဖွယ်များ

အသိပေးတားမြစ်ချက်များ
၁။ စေတီတော်တွင် ဓါတ်ပုံ/ဗီဒီယို ရိုက်ကူးရေးကိစ္စများ၊ လှူဒါန်းကျွေးမွေးမှု ကိစ္စများအား ရုံးအဖွဲ့မှူးရုံးခန်းတွင် လာရောက်လျှောက်လွှာတင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ စေတီတော်ပေါ်နှင့် ဝတ္ထုကံမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ်နှင့် အဝေးထိန်း (Remote Control System) ယာဉ်ငယ်များ လွှတ်တင်မောင်းနှင်ခြင်းမပြုရန် သတိပေးတားမြစ်အပ်ပါသည်။
၃။ ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသောပြုမူနေထိုင်ခြင်း များနှင့် Tik Tok ရိုက်ခြင်းများ မပြုလုပ်ပါရန် တားမြစ်ပါသည်။
၄။ ဘုရားဖူးအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမြင်မတော်သည့် အသားကပ် ဘောင်းဘီဝတ်ဆင်၍ တက်ရောက်ခြင်းမပြုကြပါရန်မေတ္တာရပ်ခံပါသည်။
ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည်ဆိုပါက ခြေအိတ်မဝတ်ရ၊ ဖိနပ်မစီးရ၊ စကတ်တို၊ ဘောင်းဘီတိုမဝတ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အင်္ကျီ မဝတ်ရ။
၅ ။ စေတီတော်ရင်ပြင်တွင် ချက်ပြုတ်ခြင်းနှင့်စတုဒီသာကျွေးခြင်းကို တားမြစ်ထားပါသည်။
နိုင်ငံခြားသား ဧည့်ဝင်ကြေးကောက်ခံမှု နှုန်းထားများ
- မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးမှ နိုင်ငံခြားသားဧည့်ဝင်ကြေး ကောက်ခံခြင်းမရှိပါ။

လှူဒါန်းမှုဆိုင်ရာများ


ရွှေသင်္ကန်းတော်ဆိုင်ရာ
ရွှေဆိုင်း ၂ လက်မ x ၂ လက်မ = ၄၀၀,၀၀၀/-
အခု (၁၀၀)

ပန်းပင်များလှူဒါန်းမှုဆိုင်ရာ
စေတီတော်မြတ်ကြီးအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးဌာနသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

ဆီမီးလှူဒါန်းမှုဆိုင်ရာ
ဆီးမီးများ၊ အမွှေးတိုင်များကိုလည်း အလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
လျှပ်စစ်မီးအလှူတော်ငွေများကိုလည်း အလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခါ်အပ်ပါသည်။

ဧည့်လမ်းညွှန်ဆိုင်ရာ

မိုးကောင်းဆုတောင်းပြည့်စေတီတော် ပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်
- ဧည့်လမ်းညွှန်များသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လိုပ်ပိုင်ခွင့်ရှိသည်။
- ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင်ချိတ်ဆွဲထားရမည်။
- မိုးကောင်းဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရမည်။
- လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများအလိုက် ဘုရားပေါ်သို့ လာရောက် လေ့လာလိုပါက ရှင်းလင်းပြသမည့်သူသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးအပ်ထားသူဖြစ်ကြောင်း အထောက်အထားအား စစ်ဆေးရေးအဖွဲ့သို့ ပြသနိုင်ရမည်။
အထက်ဖော်ပြပါ အချက်အလက်များလိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ဧည့်လမ်းညွှန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။