ညောင်ပင်များ

ညောင်ပင်များ

DSC_2347
DSC_2027
141

(၁) စေတီတော်ရင်ပြင် အရှေ့တောင်ထောင့်တွင် ဗောဓိညောင်ပင် တစ်ပင်ရှိသည်။ စေတီတော်ကြီး၏ အဓိကရ ညောင်ပင်ကြီးလည်းဖြစ်သည်။ ဉာဏ်တော် ၃’ ကျော်သည် ဆင်းတုတော်ကြီးတစ်ဆူ စံပါယ်လျက်ရှိပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကို ဤညောင်ပင်ကြီးမှာပင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိပါသည်။ နေ့နံအလိုက် ဂြိုဟ်တိုင်များနှင့် ဆင်းတုတော်များကိုလည်း ပူဇော်ထားသည်။
(၂) စေတီတော်ရင်ပြင် အပြင်ဘက် အရှေ့မြောက်ထောင့်တွင် အလှူရှင် ဦးဋ္ဌေးဝေ - ဒေါ်စမ်းသီတာ တို့၏ ကုသိုလ်ဖြစ်သော ပလ္လင်ခုံဝိုင်းထားသည့် ဗောဒိညောင်ပင်ရှိပါသည်။ မြတ်စွာဘုရားဆင်းတုတော် တစ်ဆူ စံပါယ်တော်မူလျှက် ရှိပါသည်။
(၃) ပါဒစေတီတော် အရှေ့ဘက်တွင် ပလ္လင်ခုံဝိုင်းထားပြီး ဂြိုဟ်ခွင်များပါရှိသည့် ညောင်ပင် တစ်ပင် ရှိပါသည်။ ဘုရားဖူးများ ပူဇော်ဆုတောင်းကြသည့် ညောင်ပင်တစ်ပင် ဖြစ်ပါသည်။
(၄) စေတီတော်ဝင်း၏ အနောက်တောင်ထောင့် လာဘမုနိဆင်းတုတော်ကြီး အနောက်ဘက်တွင် ဗောဓိညောင်ပင်ကြီးတစ်ပင် ရှိပါသည်။ ဂြိုဟ်ပြေနာမ်ပြေ ဂြိုဟ်ခွင်များနှင့် ၃’ခန့်ရှိ ဆင်းတုတော်ကြီးရှစ်ဆူ စံမြန်းလျက်ရှိပါသည်။ ညောင်ပင်ကြီးကို ပလ္လင်ခုံပတ်ပြီး အပူခံ ကျောက်ပြားများ ခင်းထားပါသည်။ ဘုရားဖူးများ ပူဇော်ရာ၊ ဆုတောင်းရာ ထင်ရှားသည့် နေရာတစ်ခုဖြစ်ပါသည်။