တံခွန်တိုင်များ

တံခွန်တိုင်များ


(၁) စေတီတော်ရင်ပြင် အရှေ့ဘက် ဘုန်းရှင်ကံရှင်စေတီတော်ဘေးတွင် တံခွန်တိုင်တစ်ခု ရှိပါသည်။ (၃၆)ပေ အမြင့်ရှိပြီး၊ ပေသုံးဆယ်ခန့်တွင် တိုင်လုံးကို နဂါးလေးကောင်ခြံရံလျှက် အထက်တွင် ဟင်္သာရုပ်ရှိပါသည်။ ၎င်းအထက်တွင် ထီးတော်နှင့် စိန်ဖူးတော် တို့ရှိပါသည်။ တံခွန်တိုင်ထိပ်တွင် ရွှေစတီးတံခွန်လုံးများ ချိတ်ဆွဲထားပါသည်။ ကွယ်လွန်သူ ဖခင်ကြီး ဦးအောင်ကြည်နှင့် မိခင်ကြီး ဒေါ်သန်းကြည် တို့ကို အမှူးထား၍ ဒေါ်လာမြင့်အောင် မိသားစုမှ မွမ်းမံလှူဒါန်းထားသည့် ကုသိုလ်တော်ဖြစ်ပါ သည်။
(၂) စေတီတော်ဝင်းအနောက်တောင်ထောင့်ရှိ လာဘမုနိရုပ်ပွားတော်မြတ်ကြီးရှေ့တွင် တံခွန်တိုင်တစ်ခုရှိပါသည်။ (၂၁)ပေခန့်အမြင့်ရှိပြီး တိုင်ထိပ်တွင် ဟင်္သာရုပ်ရှိပါသည်။ ရွှေစတီး တံခွန်တိုင်လုံးများ ချိတ်ဆွဲထားပါသည်။ တံခွန်တိုင်အလှူရှင်မှာ ဒေါ်ပေါကြွယ်နှင့်သားများ (၁၃)ရပ်ကွက်၊ ရန်ကင်းဖြစ်ပါ သည်။