ခေါင်းလောင်းများ

ခေါင်းလောင်းများ

(၁) အလှူရှင် ဦးအောင်သန်း - ဒေါ်မီနီတို့မှ (၁၃၇၁) ခုနှစ်၊ နယုန်လပြည့်ကျော် (၄)ရက် နေ့တွင် လှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းအဝမှာ (၁၄”)၊ အမြင့်(၁၅”)ဖြစ်သည်။ ရွှေသာလျောင်းဘုရားအနီးတွင် တည်ရှိပါသည်။
(၂) ကွယ်လွန်သူဆရာကြီး ဦးဝင်းမောင် ကို ရည်စူး၍ ကျန်ရစ်သူမိသားစု မှ (၁၃-၉-၂၀၀၉) တွင် လှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းအဝမှာ (၁၄”)၊ အမြင့်(၁၇”)ဖြစ်သည်။ တောင်ဘက်မုခ်ဝ အနီးတွင် တည်ရှိပါသည်။
(၃) နေလကမ္ဘာ အဘအောင် ၊ ဦးတင်အောင် မိသားစုမှ (၁၃၇၁) ခုနှစ် ၊ သီတင်းကျွတ် လပြည့် ၊ စနေနေ့တွင် လှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းအဝမှာ(၁၄”)၊ အမြင့်(၁၇”) ဖြစ်သည်။ စေတီတော်အနောက်ဘက်မုခ်ဝ အနီးတွင် တည်ရှိပါသည်။
(၄) ကွယ်လွန်သူ မောင်ရဲထက်ကြူ(ခ)Q Lay ကို ရည်စူး၍ ကျန်ရစ်သူမိသားစုမှ (၂၆-၃- ၂၀၁၂) တွင် လှူဒါန်းခဲ့ပါသည်။ ခေါင်းလောင်းအဝမှာ (၁၃”)၊ အမြင့်(၁၄”)ဖြစ်သည်။ စေတီတော် အနောက်ဘက်မုခ်ဝအနီးတွင် တည်ရှိပါသည်။
(၅) အလှူရှင် ဦးဘိုးမျှင် - ဒေါ်ဧမျ ၊ သား ကိုဘမောင်၊ သမီး မငွေရင် ၊ မြေး မောင်တင်လှ တို့မှ မြန်မာသက္ကရာဇ် (၁၂၉၀)ပြည့်နှစ်တွင် လှူဒါန်းခဲ့သည်။ ခေါင်းလောင်းအဝမှာ (၂၉”)၊ အမြင့်(၃၁”)ဖြစ်သည်။ ကြေးပိဿချိန် ၃၁၉ ပိဿာဖြစ်သည်။ စေတီတော်ကြီး အနောက်မြောက် ထောင့်တွင် တည်ရှိပါသည်။
(၆) အလှူရှင် ဦးဋ္ဌေးဝေ - ဒေါ်စမ်းသီတာ တို့မှ (၂၇-၁-၂၀၁၁)တွင် လှူဒါန်းခဲ့သော ကြေးစည်ကြီး ဖြစ်သည်။ အလျား (၄၅”) ၊ အမြင့် (၃၀”) ဖြစ်သည်။ စေတီတော်ကြီး အနောက်မြောက်ထောင့်တွင် တည်ရှိပါသည်။
(၇) အလှူရှင် ဦးဋ္ဌေးဝေ - ဒေါ်စမ်းသီတာ တို့မှ (၁၆-၆-၂၀၁၁) တွင် လှူဒါန်းခဲ့သော မောင်းကြီး ဖြစ်သည်။ အချင်း (၃’) ရှိသည်။ စေတီတော်ကြီး အနောက်မြောက်ထောင့် တွင် တည်ရှိပါသည်။