မော်ကွန်းမင်္ဂလာကဗ္ဗည်းကျောက်စာတော်

အသေးစိတ် အချက်အလက်များ

မိုးကောင်းစေတီတော်မြတ်ကြီး၏ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မော်ကွန်း မင်္ဂလာကဗ္ဗည်းကျောက်စာတော်၊ တန်ခူးလပြည့်ကျော် (၄)ရက်၊ နှစ်ဆန်း (၁)ရက်၊ ၁၆-၄-၁၉၆၈ နေ့ ကောင်းပေ့အခါ ညနေ ၄ နာရီအချိန်မှာ ထိန်ထိန်ညီးညီး၊ ထီးတော်ကြီးနှင့် အသင့်ပြင်ဆင်၊ ရွှေစင်စိန်ဖူးအတူ ရွှေသား၊ ငှက်မြတ်နားတင်၊ ဆင်ယင်ပွဲကြီး၊ သိမ့်သိမ့်ဟည်းကာ ပြီးဆုံးအောင်မြင်ပါသတည်း ဟူ၍ ထီးတော်သစ်ကြီးနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်း အောင်မြင်သည့် မင်္ဂလာမော်ကွန်း ဖြစ်ပါသည်။ ကျောက်စာတစ်ဘက်ခြမ်းတွင် မတည်အလှူရှင်များနှင့် အလှူတော်ငွေ စာရင်းကို မှတ်တမ်းတင်ထားပါသည်။