တပို့တွဲလ အသေးစိတ် အချက်အလက်များ တပို့တွဲလ ထမနဲပွဲကိုလည်း ရိုးရာမပျက် စေတီတော်ကြီး၏ ပရိဝုဏ်အတွင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်ဝန်ထမ်းများနှင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပလေ့ရှိပေသည်။ လပြည့်နေ့ နံနက် အာရုံတက်တွင် မုခ်ဦးတန်ဆောင်းများ အတွင်း စံနေတော်မူသည့် ဗုဒ္ဓဆင်းတုတော်များကို ဂေါပကအဖွဲ့နှင့် စေတီတော်ဝန်ထမ်းများမှ ထမနဲဆွမ်းကို ကပ်လှူပူဇော်လေ့ရှိပါသည်။