နတ်တော်လ

အသေးစိတ် အချက်အလက်များ

မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပလေ့ ရှိသည့်လ ဖြစ်ပါသည်။ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားများကို တင့်တယ်ခမ်းနားစွာ ကျင်းပဆောင်ရွက်လေ့ရှိပါသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲကြီးတွင် မိမိတို့ မြို့နယ်အတွင်းမှ ဆရာတော် သံဃာတော်(၁၀၈)ပါးကို ပင့်ဖိတ်၍ ပတ်ဝန်းကျင်မြို့နယ်များမှ အလှူရှင်များ၊ ရန်ကင်းတစ်မြို့နယ်လုံးနှင့် ဌာနဆိုင်ရာများပါမကျန် စည်ကားသိုက်မြိုက်စွာပါဝင် လောင်းလှူကြသည်မှာလည်း အစဉ်အလာမပျက်သည့် ဗုဒ္ဓပူဇနိယအခမ်းအနားကြီး တစ်ခုဖြစ်လေသည်။